သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပုဂံဒေသအားကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးနှင့် ပတ်သက်၍ Baharainနိုင်ငံ၊ Manama မြို့၌ ကျင်းပပြုလုပ်မည့် (၄၂)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံသို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံမှာကြား

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုသည် ပုဂံဒေသအားကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးနှင့်ပတ်သက်၍ ၂၀၁၈ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့မှ ဇူလိုင်လ(၄)ရက်နေ့အထိBaharainနိုင်ငံ၊ Manama မြို့၌ ကျင်းပပြုလုပ်မည့် (၄၂)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံသို့ တက်ရောက်မည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင် ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့အားကမ္ဘာအေးဘုရားလမ်းရှိသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရန်ကုန်ရုံးခွဲ၌ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံသို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့အားမြန်မာနိုင်ငံမှ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်နိုင်ရေးအတွက် စာတွဲများကိုယခုနှစ် ဇန်နဝါရီလတွင် ပေးပို့တင်သွင်းထားပြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်ဗ ဟိုဌာနမှလည်းအဆိုပါစာတွဲများကို လက်ခံပြီးပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ လာရောက်စစ်ဆေးမည့် ICOMOS အဖွဲ့ကိုလည်းမိတ္တူတစ်စုံကိုပေးပို့ထားပြီးဖြစ်ကြောင်း၊ထို့အပြင် ICOMOS အဖွဲ့လာရောက်စစ်ဆေးရာတွင် လိုအပ်သည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် သာသနိကအဆောက်အအုံများ၏ လက်ရှိဓာတ်ပုံမှတ်တမ်းများကို( JPG format at a minimum of 300 dpi resolution )ဖြင့် ထပ်မံပေးပို့ရန် အကြောင်းကြားလာသည့်အတွက်လည်းမေလအတွင်းတွင် ပြန်လည်ပေးပို့ပြီးဖြစ်ကြောင်း၊ ယခုBaharainနိုင်ငံ၊ Manama မြို့တွင် ကျင်းပမည့်(၄၂)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံသို့ သွားရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ကမ္ဘာ့အမွေအနှစ်ကော်မတီဝင်(၂၁)နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် မိတ်ဆက်စကားပြောကြားခြင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအကြောင်းကိုဖော်ပြထားသည့် Booklet ၊ Pamphlet ၊ Video Clip DVD  နှင့်နှလုံးသားထဲကပုဂံဓာတ်ပုံပြပွဲစာအုပ်များဝေငှခြင်း၊ ညီလာခံသို့ တက်ရောက်လာမည့် ယူနက်စကိုဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သောပြင်သစ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီးဦးကျော်ဇေယျ (ယူနက်စကိုမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး)နှင့် ပူးပေါင်း၍ ကမ္ဘာ့အမွေအနှစ်အဖြစ် ထောက်ခံနိုင်ရေး အတွက်တွေ့ဆုံ ရှင်းလင်းဆွေးနွေးခြင်းများကိုဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာနိုင်ငံမှ ကမ္ဘာ့အမွေအနှစ်တင်သွင်းထားသော ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ ထူးခြားထင်ရှားမှုများကိုကမ္ဘာ့နိုင်ငံများမှ သတိပြုလာစေရန်ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ ကြွရောက်လာသောဧည့်သည်များအားဖိတ်ကြား၍  မြန်မာ့အမွေအနှစ်ကိုကမ္ဘာကသိရှိရန် အခွင့်အခါကောင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးရန်လိုကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသကိုကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရ ပါကမြန်မာ တစ်မျိုးသားလုံးက ဂုဏ်ယူဝင့်ကြွားနိုင်ရန်အတွက် စွမ်းဆောင်ခဲ့ကြရန် မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်

Be the first to comment

Leave a Reply

Your email address will not be published.