ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရားပုထိုး များ Online Registration ဖြင့် ကြိုတင်စာရင်း ပေးသွင်း၍ ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ အတွင်းရှိ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည့် သမိုင်းတန်ဖိုး လက်ရာတန်ဖိုးကျန်ရှိသော ရှေးဟောင်းဘုရားပုထိုးများအနက်မှ အောက်ပါ ဘုရား (၁၆)ဆူသို့ Covid-19 ရောဂါ ကန့်သတ် စည်းကမ်းသက်မှတ်ချက်များနှင့်အညီ ဝင်ရောက် ကြည့်ရှုလေ့လာရန် http://pagoda.codexmyanmar.com တွင် ကြိုတင်စာရင်းရေးသွင်း နိုင်ပါကြောင်း သတင်းပါးဖော်ပြအပ်ပါသည် –

စဉ် ဘုရားအမှတ် ဘွဲ့တော်
၂၉၈ ဂူပြောက်ကြီး(ဝက်ကြီးအင်း)
၄၇၇၊၄၇၈၊၄၇၉ ဘုရားသုံးဆူ
၄၈၂ သမ္ဘူလဂူဘုရား
၁၀၃၀ ၊  ၁၀၃၁ အရှေ့ဖက်လိပ် ၊  အနောက်ဖက်လိပ်
၁၂၀၂ အပါယ်ရတနာ
၁၃၂၃ ဂူပြောက်ကြီး(မြင်းကပါ)
၁၅၁၂ မြေဘုံသာဘုရားလှ
၁၅၈၀ ‌လောကထိပ်ပန်
၁၆၀၅ ပုထိုးသားများ
၁၀ ၆၅၉ ဝိနည်းဓိုရ်
၁၁ ၁၃၉၁ ဂူပြောက်ငယ်(မြင်းကပါ)
၁၂ ၁၄၆၇ လောကဥလျောင်
၁၃ ၁၄၈၁ ပဲနံ့သာဂူ
၁၄ ၁၈၅၂ ခေမင်္ဂစေတီ
၁၅ ၂၁၂၁ ဥပါလိသိမ်
၁၆ ၂၁၆၂ အာနန္ဒာအုတ်ကျောင်း