ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းနှင့်လှူဒါန်းခြင်းတို့အတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ဆုကြေး‌ငွေချီးမြှင့်နေပုံ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဆုကြေးငွေ ချီးမြှင့်၍ စုဆောင်းခြင်း၊ ယင်းတို့၏ တန်ဖိုးကို သိရှိတန်ဖိုးထားတတ်စေရန် အများပြည်သူများအား အသိပညာ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

အများပြည်သူများက သားစဉ်မြေးဆက် ထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ နည်းအမျိုးမျိုးဖြင့် တွေ့ရှိရသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဤဦးစီးဌာနသို့ လာရောက် အပ်နှံ လာပါကလည်း ဤဦးစီးဌာနလက်အောက်ရှိ အမျိုးသားပြတိုက်နှင့် ရှေးဟောင်းသုတေသနပြတိုက် များတွင် စနစ်တကျ မှတ်တမ်းတင် စုဆောင်းထိန်းသိမ်း ပြသထားရှိပါသည်။ ‌ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ပြည်သူတစ်ဦးဦးက ရှေးဟောင်းဝတ္ထုပစ္စည်း များကို လာရောက်အပ်နှံပါက လာရောက်အပ်နှံသည့် ရှေးဟောင်းဝတ္ထုပစ္စည်းအတွက် ထိုက်တန်သော ကာလတန်ဖိုးအပြင် သမိုင်းယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးတို့ကိုပါ ထပ်ဆောင်းချီးမြှင့် စုဆောင်းထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလအတွင်း  ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက် အပ်နှံမှုအား အောက်ဖော်ပြပါဇယားအတိုင်း အများပြည်သူသိရှိလေ့လာနိုင်ပါရန် ဖော်ပြအပ်ပါသည်-        

စဉ် ပစ္စည်းအမျိုးအမည်၊
အပ်နှံ
အရေ အတွက် ခေတ် လိပ်စာ ဆုကြေးငွေ (ကျပ်) မှတ်ချက်
ရွှေပုတီးစေ့
ကနုတ်ပုံလက်ရာပါရှိသည့် ရွှေဆွဲပြား ကြေးအလေး
၁၃ စေ့ ၁ ခု   ၂ခု ပျူခေတ်




 
ဦးမြင့်သိန်း၊ ဦးကျော်မိုး၊ ဦးညွန့်ဝင်း၊ ဦးချစ်ဆန်းဦး၊ ဦးလှဝင်းမောင်၊ ဦးမျိုးမြင့် ဦးနေဝင်း၊ဦးအောင်မင်းဝေ၊ဦးဝင်းမြိုင်၊ ဦးလှမင်းဦး၊ ဒေါ်စန်းစန်းထွေး၊ ဒေါ်ခင်မာ၊ ဦးအောင်မြင်နိုင်
ကျောင်းဖြူကျေးရွာ၊ မြောင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ။
၃၄၉၃၆၈၆၁/- (ကျပ် သုံးရာလေးဆယ့်ကိုးသိန်း သုံး သောင်း ခြောက်ထောင် ရှစ်ရာခြောက်ဆယ့်တစ် တိတိ) (၂၆-၁-၂၀၂၁) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ဆုကြေး နှင့် ဂုဏ်ပြုမှတ်တမ်း
လွှာပေးအပ်ပြီး ဖြစ်ပါသည်။