သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ဌာနတွင်း (Online)စနစ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနသည်(၂၄.၂.၂၀၂၁)ရက်နေ့တွင်(Online)စနစ်ဖြင့် ဌာနဆောင်ရွက်ရမည့် သုတေသန လုပ်ငန်းဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဌာနခွဲ/ဌာနစုအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲ၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က  အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနခွဲများအလိုက် အရာထမ်းများနှင့် ဘာသာရပ်ဆိုင်ရာများဆွေးနွေးခြင်း၊ ဌာနခွဲ/ ဌာနစုအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ထိန်းသိမ်းရေး ဝန်ထမ်းများ၊ သုတေသန ဝန်ထမ်းများ၊ ပြတိုက်ဝန်ထမ်းများအား လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က နိဂုံးချုပ် အမှာစကားပြောကြားကာ (၂၄-၂-၂၀၂၁)ရက်နေ့ (ညနေ၄:၃၀)အချိန်တွင် (Online) စနစ်ဖြင့် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိ ပါသည်။

                                                          ‌ရှေးဟောင်းသုတေသနနှင့်အမျိုးးသားပြတိုက်ဦးစီးဌာန