သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးကိုကိုက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဝန်ထမ်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြည်သူလူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းကို ထပ်ဆင့်ရှင်းလင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးကိုကိုက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဝန်ထမ်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြည်သူလူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းကို ထပ်ဆင့်ရှင်းလင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဝန်ထမ်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ၈.၂.၂၀၂၁ရက်နေ့တွင် ပြည်သူလူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ၅.၃.၂၀၂၁ ရက်နေ့၊ နံနက် ၁၀၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာအစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့်ပြု လုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခရိုင်အဆင့်ဆင့်ရှိ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့ကြပါသည်။        

   ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီး ဉီးကိုကိုက ရှင်းလင်းပြောကြားရာတွင် တပ်မတော်သည် ခေတ်အဆက်ဆက် ပြည်သူနှင့်ပတ်သက်လာလျှင် “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဆိုသည့် ဆောင်ပုဒ်ကို ဉီးထိပ်ထား ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းလည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဉီးဆောင်မှု အခန်းကဏ္ဍကိုလည်း မဖောက်မပြန် ခိုင်ခိုင်မာမာ ရပ်တည်နေ သည့် အဖွဲ့အစည်းလည်းဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို လေးစားလိုက်နာ လျက်ရှိသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် ပြည်သူများ လိုလားတောင်းဆိုသည့် “ပါတီစုံဒီမိုကရေစီစနစ်”ကို တည်ငြိမ် အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းကို လျှောက်လှမ်းပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲများ အပါအဝင် ရွေးကောက်ပွဲ များကို ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်တို့တွင် ၄ ကြိမ် ကျင်းပခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးကာလမှာ အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ခဲ့ကြောင်း၊ နိုင်ငံ ရေးပါတီများအနေနှင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရားမျှတမှု ရှိစေရန်၊ ဖြေရှင်းပေးရန် UEC ကို ရွေးကောက်ပွဲ မတိုင်မီကတည်းက တောင်းဆိုမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိခဲ့သဖြင့် တပ်မတော်ကို အကူအညီတောင်းခံခဲ့ကြောင်း၊ တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ “၂၀၀၈ ခုနှစ်”  ပြဌာန်းချက်များနှင့်အညီ UEC၊ လွှတ်တော်နှင့် သမ္မတတို့ ထံ မဲစာရင်းများ ဖြေရှင်းပေးရန်   တောင်းဆိုခဲ့ကြောင်း၊   တာဝန်ရှိသူများအနေဖြင့်   အကြောင်း အမျိုးမျိုးပြပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများ ပျက်ကွက်ခဲ့သဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ “၂၀၀၈ ခုနှစ်” နှင့် အညီ နိုင်ငံတာဝန်များ ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တာဝန်ကို ထမ်းဆောင် နေစဉ် ရှေ့ဆက်ဆောင်ရွက်မည့် အချက် (Road Map) ၅ ချက်ကို ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ် ကြောင်းနှင့် အဆိုပါ ၅ ချက်နှင့်အညီ ဆောင်ရွက်နေကြောင်းတို့ကို အသေးစိတ် ထပ်ဆင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ပြည်သူ လူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းပါ အချက်အလက်များနှင့် ရှေ့လုပ်ငန်းစဉ် (Road Map) ၅ ရပ် တို့ကို မိမိတို့၏ ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းပေးရန်နှင့် အရာထမ်း၊ အမှုထမ်းများ အနေဖြင့် ဉီးတည်ချက် ၉ ရပ်ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။