(၁၆)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းအစည်းအဝေး၊ အာဆီယံ ဖွံ့ဖြိုးမှုအလားအလာ စတင်ဖွင့်လှစ်ခြင်းနှင့်အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ မိတ်ဖက်ညီလာခံကျင်းပ

16th SOCCOM, Virtual Launch of ASEAN Development Outlook (ADO) and ASCC Partnership Conference

၁၅.၃.၂၀၂၁

                                                                                                      နေပြည်တော်

           ၂၀၂၁ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (၁၆) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းအစည်းအဝေး၊ အာဆီယံဖွံ့ဖြိုးမှုအလားအလာ စတင်ဖွင့်လှစ်ခြင်းနှင့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ မိတ်ဖက်ညီလာခံများကို ယနေ့နံနက် မြန်မာစံတော်ချိန် နံနက် ၈ နာရီ မှ ညနေ ၄ : ၃၀အထိ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

           အစည်းအဝေးသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) နှင့် လေ့လာသူများ တက်ရောက်ခဲ့ပါသည်။

           အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်သည့် ဘရူနိုင်းဒါရူဆလမ် နိုင်ငံက တာဝန်ယူဆောင်ရွက်ရမည့် ၂၀၂၁ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ၊ COVID အလွန် အာဆီယံဒေသအတွင်း ပြန်လည်ထူထောင်ရေးနှင့် ကြံ့ခိုင်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာ လုပ်ငန်းအစုအဖွဲ့များ၊ အာဆီယံမိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။