မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ၏ ကဏ္ဍအလိုက် စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အကဲဖြတ်စစ်ဆေးခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြီးစီး

၁၇.၃.၂၀၂၁              နေပြည်တော်

      အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးတို့မှ ကြီးမှူး၍ Capacity Building for the Operationalisation of the ASCC Blueprint Monitoring and Evaluation (M&E) System for all ASCC Sectoral Bodies of Myanmar သင်တန်းအား ၂၀၂၁ခုနှစ်၊ မတ်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ  Video Conferencing(ZOOM) စနစ်ဖြင့် ဖွင့်လှစ်ကျင်းပခဲ့သည်။

             အဆိုပါ အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) က အဖွင့်အမှာစကားပြောကြားခဲ့သည်။

          ညွှန်ကြားရေးမှူးချုပ်က ယခုသင်တန်းသည် မြန်မာနိုင်ငံအနေဖြင့် ASCC Blueprint 2025 အား အကောင်အထည်ဖော်ရာတွင် များစွာထောက်အကူပြုမည်ဖြစ်ပါကြောင်း အာဆီယံ၏ ချမှတ်ထားသော လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်ပိုမိုမြင့်မားစွာဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများအနေနှင့် မိမိတို့၏ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် စွမ်းဆောင်ရည်မြင့်မားစွာ ဆောင်ရွက်နိုင်ခြင်းဖြင့် အာဆီယံဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံ၏မျှော်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

    အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ASCC ဆိုင်ရာ ရုံးအဖွဲ့နှင့်အတူ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်(၂)ဦးစီ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။