၂၅.၃.၂၀၂၁ နေပြည်တော်
(The 4th WG on Cop , 30th SOCA Meeting and the 25th ASCC Council Meeting)များ အတွက် အကြိုညှိနှိုင်းအစည်းအဝေးအား မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း မဏ္ဍိုင်အောက်ရှိ လုပ်ငန်းအစုအဖွဲ့များနှင့် အစည်းအဝေးကို ၂၀၂၁ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် Video Conferencing (ZOOM) စနစ်ဖြင့် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ နေပြည်တော်တွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) က အဖွင့် အမှာစကားပြောကြားရာတွင် အပိုင်း (၂) ပိုင်းအနေနှင့် ပြောကြားလိုပါကြောင်း၊ ပထမပိုင်းအနေဖြင့် ASCC မဏ္ဍိုင်အောက်ရှိ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပထမဆုံးတွေ့ဆုံခြင်းဖြစ်ပြီး အသစ်ပြန်လည် ဖွဲ့စည်းထားသော ASCC ရုံးအဖွဲ့များနှင့် မိတ်ဆက်ပေးလိုပါကြောင်း၊ ပုံမှန်အားဖြင့် ဆက်စပ် ဝန်ကြီးဌာနများနှင့် လစဉ်တွေ့ဆုံရခြင်းဖြစ်ပြီး Covid အနေအထားကြောင့် Onlineဖြင့် တွေ့ဆုံရခြင်း ဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေဖြင့် လာမည့်အစည်းအဝေးများတွင် ASCC အနေဖြင့် တင်ပြသွားရန် ရှိသည့် ၂၀၂၁ခုနှစ်တွင် အိမ်ရှင်အလှည့်ကျနိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံမှ သတ်မှတ်ထားသော Priority Areas , 4th WG on COP တွင် ဆွေးနွေးသွားမည့် အချက်များ၊ 30th SOCA Meeting နှင့် 25th ASCC Council Meeting တို့တွင် ဆွေးနွေးသွားမည့် Notation နှင့် Adoption များနှင့်ပတ်သက်၍ သက်ဆိုင်သည့်လုပ်ငန်းအစုအဖွဲ့များမှ တင်ပြလိုသည့် အချက်များ၊ အစည်းအဝေးများတွင် ထည့်သွင်းဆွေးနွေးရမည့် လုပ်ငန်းစဉ်များရှိပါက ဆွေးနွေးပေး ပါရန် ပြောကြားသွားပါသည်။
ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းအစုအဖွဲ့ (၁၂)ဖွဲ့မှ ကိုယ်စားလှယ်များက ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။