ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းနှင့်လှူဒါန်းခြင်းတို့အတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဆုကြေးငွေ ချီးမြှင့်၍ စုဆောင်းခြင်း၊ ယင်းတို့၏ တန်ဖိုးကို သိရှိတန်ဖိုးထားတတ်စေရန် အများပြည်သူများအား အသိပညာ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

အများပြည်သူများက သားစဉ်မြေးဆက် ထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထု ပစ္စည်းများ၊ နည်းအမျိုးမျိုးဖြင့် တွေ့ရှိရသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဤဦးစီးဌာနသို့ လာရောက်အပ်နှံ လာပါကလည်း ဤဦးစီးဌာနလက်အောက်ရှိ အမျိုးသားပြတိုက်နှင့် ရှေးဟောင်း သုတေသနပြတိုက်များတွင် စနစ်တကျ မှတ်တမ်းတင် စုဆောင်းထိန်းသိမ်း ပြသထား ရှိပါသည်။ ‌ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ပြည်သူတစ်ဦးဦး က ရှေးဟောင်းဝတ္ထုပစ္စည်းများကို လာရောက်အပ်နှံပါက လာရောက်အပ်နှံသည့် ရှေးဟောင်းဝတ္ထုပစ္စည်း အတွက် ထိုက်တန်သော ကာလတန်ဖိုးအပြင် သမိုင်းယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးတို့ကိုပါ ထပ်ဆောင်း ချီးမြှင့် စုဆောင်းထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ် ၊ မတ်လအတွင်း  ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက် အပ်နှံမှုအား အောက်ဖော်ပြပါဇယားအတိုင်း အများပြည်သူသိရှိလေ့လာနိုင်ပါရန် ဖော်ပြအပ်ပါသည်-        

စဉ် ပစ္စည်းအမျိုးအမည်၊
အပ်နှံ
အရေ အတွက် ခေတ် လိပ်စာ ဆုကြေးငွေ (ကျပ်) မှတ်ချက်
၂၂ ကာရက်ရွှေ အဆင်တန်ဆာပစ္စည်း (ပတ္တမြား ၁၆ ပွင့်+ မျော ၃၁ ပွင့်)အပါအဝင် ၂ ခု ရတနာပုံခေတ် ဦးစိုးဝင်းနှင့်အဖွဲ့ဝင် ၅ ဦး တောင်တော်ရပ်၊ ဥတည်ကျေးရွာ၊ တံတားဦးမြို့နယ် မန္တလေးတိုင်းဒေသကြီး ၁၇၅၇၇၉၉၂/- (ကျပ် တစ်ရာခုနစ်ဆယ့် ငါးသိန်း ခုနစ်သောင်း ခုနစ်ထောင် ကိုးရာကိုးဆယ့်နှစ် တိတိ) ဆုကြေးငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့ပြီး ဖြစ်ပါသည်။  

                                   ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန