သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို အနုပညာဦးစီး ဌာနရှိ အနုပညာရှင်ဝန်ထမ်းများ လေ့ကျင့်ဇာတ်တိုက်မှု ကြည့်ရှုအားပေးခြင်းနှင့် သိုလှောင်ရုံ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခြင်း

နေပြည်တော် ဧပြီ

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေးဇာတ်ရုံတွင် အနုပညာရှင်ဝန်ထမ်းများ လေ့ကျင့်ဇာတ်တိုက် နေမှုနှင့် အနုပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံး စရိတ်ဖြင့် သိုလှောင်ရုံတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  တာဝန်ရှိသူများနှင့်အတူ ၂၀၂၁ခုနှစ် ဧပြီလ ၉ ရက်နေ့ နံနက် ၁၀:၃၀နာရီတွင် ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေးဇာတ်ရုံသို့ ရောက်ရှိပြီး အနုပညာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များဖြစ်သော မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာရပ်များမပျောက်ပျက်စေရန်၊ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားစေရန် နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်စေရန်၊ အနုပညာအရည်အသွေး များ တိုးတက်မြင့်မားစေရန်၊ နိုင်ငံအချင်းချင်း ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး အစီအစဉ် များ ဆောင်ရွက်နိုင်ရန်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ထုတ်လုပ် ဌာနခွဲမှ အနုပညာရှင်များ၏ မြန်မာ့ဆိုင်းဝိုင်းကြီးတီးခတ်လေ့ကျင့်မှုနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆိုအက လေ့ကျင့်မှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် အနုပညာရှင်ဝန်ထမ်းများ လေ့ကျင့်နေမှုနှင့် စပ်လျဉ်း၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အကနှင့် အတီးများ  သမားစဉ်မပျက်စေရေး၊  ရိုးရာမူမှန်

အနုပညာရပ်များ မတိမ်ကောမပပျောက်စေရေး၊ မြန်မာ့ရိုးရာ အနုသုခုမပညာရပ်များအား လူငယ်လူရွယ်များထံသို့ လက်ဆင့်ကမ်းဖြန့်ဝေနိုင်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးတို့အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည် ဖြစ်သောကြောင့် ယဉ်ကျေးမှုကို ထိန်းသိမ်း ရန်လိုအပ်ကြောင်း၊  ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်ကို တန်ဖိုးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စသည်ဖြင့် မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျော်ဖြေရေးသုံးအဝတ်အစားများ၊ ဆိုင်းပစ္စည်းများ၊ ဇာတ်ရုံသုံးမီးပစ္စည်းများ၊ ဇာတ်ရုံသုံးအသံပစ္စည်းများ ထိန်းသိမ်းထားရှိမှု နှင့်အနုပညာရှင်ဝန်ထမ်းများကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဆောင်ရွက်ရန် လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ စီစဉ်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ အနုပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက် လျက်ရှိသော သံကူကွန်ကရစ်(၂)ထပ်  သိုလှောင်ရုံ တည်ဆောက်နေမှု လုပ်ငန်းခွင် သို့ရောက်ရှိပြီး တင်ဒါအောင်မြင်သည့် မြန်မာပြည့်ဝအောင် ကုမ္ပဏီမှတာဝန်ခံ အင်ဂျင်နီယာက လိုက်လံရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန် စံညွှန်း၊ သတ်မှတ်နည်းပညာများနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်ရေး၊ ရေ၊ မီး ပြည့်စုံကောင်းမွန်စွာ ထည့်သွင်းရေးနှင့် သိုလှောင်ရုံဖြစ်သည့်အတွက် ခြနှင့်ပိုးမွှား အန္တရာယ်များကာကွယ်နိုင်ရန် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ထိခိုက်မှု မရှိစေရေးနှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

You need to add a widget, row, or prebuilt layout before you’ll see anything here. 🙂