
၂၇.၅.၂၀၂၁ နေပြည်တော်
၂၀၂၁ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ အဆင့်မြင့်အရာရှိကော်မတီတို့မှ ကြီးမှူးကျင်းပ ပြုလုပ်သည့် အစည်းအဝေးသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) နှင့် ASCC ရုံးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် ၃၂ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် ဘရုနိုင်းနိုင်ငံ ဘုရင်မင်းမြတ်က တင်သွင်းခဲ့သော အာဆီယံဒေသတွင်းနေ ပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ သည်းခံမှုနှင့် ဒေသဆိုင်ရာသဘောတရားများကို မျှဝေနိုင်ပြီး လိုက်လျောညီထွေမှုရှိသည့် အာဆီယံအသိုက်အဝန်းကို မြှင့်တင်ရန် အဆိုနှင့် ပတ်သက်၍ ဘရူနိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်းကျင်းပမည့် (၃၈)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက အတည်ပြုနိုင်ရန် (Adoption) အတွက် သက်ဆိုင်ရာ အာဆီယံ(၁၀)နိုင်ငံမှ ASCC ဆက်စပ်လုပ်ငန်းအစုအဖွဲ့ (၁၅)ခု၊ COCI ကော်မတီ၊ ပြင်ပအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ပြင်ပပညာရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အာဆီယံဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ JAIF အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။
4 total views , 2 views today