Working-Level Meeting on the KONNECT ASEAN Project အစည်းအဝေး

၁၁.၆.၂၀၂၁                                                                                                       နေပြည်တော်

           အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် KONNECT ASEAN Team တို့မှ ကြီးမှူးကျင်းပသည့် Working-Level Meeting on the KONNECT ASEAN Projectအစည်းအဝေးကို ယနေ့မွန်းလွဲ မြန်မာစံတော်ချိန် ၁ နာရီ ၃၀မိနစ်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

           အစည်းအဝေးသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOMCA Leader) နှင့် လေ့လာသူများ တက်ရောက်ခဲ့ပါသည်။           အစည်းအဝေးတွင် Artsolute Programme နှင့် ဆက်စပ်လျက်ရှိသော စည်းမျဉ်းဥပဒေများ ကို ဆွေးနွေးတင်ပြခြင်း၊ KONNECT ASEAN Team မှ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြခြင်း၊ KONNECT ASEAN Projectအတွက် စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အပြန်အလှန် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။