သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဆုကြေးငွေ ချီးမြှင့်၍ စုဆောင်းခြင်း၊ ယင်းတို့၏ တန်ဖိုးကို သိရှိတန်ဖိုးထားတတ်စေရန် အများပြည်သူများအား အသိပညာ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
အများပြည်သူများက သားစဉ်မြေးဆက် ထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထု ပစ္စည်းများ၊ နည်းအမျိုးမျိုးဖြင့် တွေ့ရှိရသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဤဦးစီးဌာနသို့ လာရောက်အပ်နှံ လာပါကလည်း ဤဦးစီးဌာနလက်အောက်ရှိ အမျိုးသားပြတိုက်နှင့် ရှေးဟောင်းသုတေသနပြတိုက် များတွင် စနစ်တကျ မှတ်တမ်းတင် စုဆောင်းထိန်းသိမ်း ပြသထားရှိပါသည်။ ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ပြည်သူတစ်ဦးဦး က ရှေးဟောင်းဝတ္ထုပစ္စည်းများကို လာရောက်အပ်နှံပါက လာရောက်အပ်နှံသည့် ရှေးဟောင်းဝတ္ထုပစ္စည်းအတွက် ထိုက်တန်သော ကာလ တန်ဖိုးအပြင် သမိုင်းယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးတို့ကိုပါ ထပ်ဆောင်းချီးမြှင့် စုဆောင်းထိန်းသိမ်း ဆောင်ရွက် လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ် ၊ မေလအတွင်း ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက် အပ်နှံမှုအား အောက်ဖော်ပြပါဇယားအတိုင်း အများပြည်သူသိရှိလေ့လာနိုင်ပါရန် ဖော်ပြအပ်ပါသည်-
စဉ် |
ပစ္စည်းအမျိုးအမည်၊ အပ်နှံ | အရေ အတွက် | ခေတ် | လိပ်စာ | ဆုကြေးငွေ (ကျပ်) | မှတ်ချက် |
၁ | ရွှေခြင်းလုံး ပုတီးစေ့ | ၁ စေ့ | ပျူခေတ် | ဦးစိန်ထွန်း မှော်ဇာကျေးရွာ၊ ပြည်မြို့နယ်၊ ပဲခူတိုင်းဒေသကြီး။ | ၂၈၅၁၇၇ (ကျပ် နှစ်ဆယ်ရှစ်သိန်း ငါးထောင် တစ်ရာ ခုနစ်ဆယ့်ခုနစ် တိတိ) | (၁၀−၅−၂၀၂၁) ရက်နေ့တွင် သရေတ္တေရာဌာနစု၌ ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပြီး ဖြစ်ပါသည်။ |
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန