အာဆီယံ ပင်လယ်သမုဒ္ဒရာဆိုင်ရာစီးပွားရေးကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ ASEAN Workshop on the Blue Economy ကျင်းပပြီးစီး

၂၃.၆.၂၀၂၁                                                                                                နေပြည်တော်

           ၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ ကြီးမှူး ကျင်းပ ပြုလုပ်သည့် အာဆီယံ ပင်လယ်သမုဒ္ဒရာဆိုင်ရာစီးပွားရေးကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ (ASEAN Workshop on the Blue Economy) သို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOMCA Leader) နှင့် ASCC ရုံးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

           အစည်းအဝေးတွင် အာဆီယံ၏ အသိုက်အဝန်းမဏ္ဍိုင်ကြီး(၃)ရပ်အောက်ရှိ သက်ဆိုင် ရာ လုပ်ငန်းအစုအဖွဲ့များမှ ကိုယ်စားလှယ်များ၊ Economic and Social Commission for Asia and the Pacific၊ UN Enviroment Programme၊ United Nations Educational, Scientific and Cultural Organization၊ FAO Regional Office for Asia and the Pacific၊ International Maritime Organization တို့မှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များမှ ပင်လယ် သမုဒ္ဒရာဆိုင်ရာ စီးပွားရေးကဏ္ဍ (Blue Economy) အောက်ရှိ Contextualising Blue Economy, Opportunities in the Blue Economy နှင့် Blue Economy and Ocean Governance အကြောင်းအရာ ခေါင်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။