ဌာနတွင်းသုတေသန စာတမ်းဖတ်ကြားခြင်း အခမ်းအနား ကျင်းပပြီးစီး

ဇွန် ၂၉

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတွင် လစဉ်ဖတ်ကြားလျက်ရှိသော ဌာနတွင်းသုတေသန စာတမ်းဖတ်ကြားခြင်း အခမ်းအနားအား ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ သုတေသနအရာရှိ ဒေါ်မေလှိုင်ဝေရီအောင် က “ပဲခူး ဟံသာဝတီမင်းများ၏ နန်းစံနှစ်များကို လေ့လာခြင်း” စာတမ်းကို ဖတ်ကြားတင်သွင်းခဲ့ပါသည်။

          စာတမ်းတွင် ဟံသာဝတီ ပထမခေတ် နန်းစံမင်းများအကြောင်း၊ ဟံသာဝတီ ဒုတိယခေတ် နန်းစံမင်းများ အကြောင်း၊ တောင်ငူ-ဟံသာဝတီခေတ် နန်းစံမင်းများအကြောင်းနှင့် ဟံသာဝတီ ပြန်လည်ထူထောင်ရန် ကြိုးပမ်းသော မင်းများအကြောင်းတို့ကို တင်ပြထားပါသည်။

ထို့နောက် စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။