သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ သောဠသမအကြိမ်၊ (၁၆)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ သောဠသမအကြိမ်၊ (၁၆)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် (၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၊ လောကနတ်အစည်းအဝေးခန်းမ၌ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက် သောကြာနေ့ (၁၁:၀၀)နာရီ တွင် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီကျင်းပပြုလုပ်ခဲ့ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးထွန်းအုံနှင့် လုပ်ငန်းကော်မတီဝင်များ၊ သက်ဆိုင်ရာဆပ်ကော်မတီ (၆)ခုမှ ဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၂ : ၅၀)နာရီအချိန်တွင် ရုပ်သိမ်းလိုက်သည်။