ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(ရန်ကုန်) နှင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်(နတ်မောက်) Online Exhibition အနေဖြင့် ခင်းကျင်းပြသမည်

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(ရန်ကုန်) နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်) တို့တွင် အာဇာနည်နေ့ အထူးပြပွဲများအတွက် နှစ်စဉ် ဇူလိုင်လ(၁၉ ၊ ၂၀ ၊ ၂၁) ရက်နေ့များတွင် ဖွင့်လှစ်ပြသခဲ့ပါသည်။ ယခုအခါ COVID-19 ရောဂါ ထိန်းချုပ်ရေးကာလဖြစ်သောကြောင့် (၇၄)နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲများကို ပြသခြင်းမပြုတော့ပဲ ပြတိုက်များကို ပိတ်ထားမည်ဖြစ်ပါသည်။ သို့ရာတွင် အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် အတွက် Online Exhibition အဖြစ် အောက်ပါ Link များတွင် ပြသ သွားမည်ဖြစ်ပါကြောင်း သတင်းပါးအပ်ပါသည် –

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (ရန်ကုန်) https://www.nationalmuseumyangon.gov.mm/bogyoke-aung-san-museum

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်) https://www.generalaungsanmuseum.com/