မိဘပြည်သူများထံသို့ တိုက်တွန်းနှိုးဆော်ချက်

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ယခုလတ်တလော Coronavirus Disease 2019  (COVID – 19) ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုနှုန်းမှာ တိုးတက်မြင့်မားလျက်ရှိပါသည်။
  • မြန်မာသက္ကရာဇ် ၁၃၈၃ ခု၊ ဝါဆိုလဆန်း ၅ ရက် ၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ အကျိုးတော်ဆောင်ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်ကြီးများက လတ်တလောဖြစ်ပွားနေသော Coronavirus Disease 2019 (COVID – 19) ကမ္ဘာ့ကပ်ရောဂါ  အန္တရာယ်မှ ကင်းဝေးစေရန်အတွက် ရတနာသုတ် ပရိတ်တရားတော်ကို ရွတ်ပွား သရဇ္ဇျာယ်တော်မူပေးခဲ့ပါသည်။
  • ထို့အတူ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)ကလည်း လတ်တလော ဖြစ်ပွားနေသော Coronavirus Disease (COVID – 19) ကမ္ဘာ့ကပ်ရောဂါအန္တရာယ်မှ ကင်းဝေးစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် Coronavirus Disease 2019 (COVID – 19) ရောဂါကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရတနသုတ်၊ မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ်စေရေးအတွက် တိုင်းဒေသကြီး / ပြည်နယ် သံဃနာယကအဖွဲ့များက မြို့နယ်သံဃနာယကအဖွဲ့များသို့ ညွှန်ကြားဆောင်ရွက်ရန် အဆင့်ဆင့် အကြောင်းကြား လျှောက်ထားပြီး ဖြစ်ပါသည်။
  • သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင်ရှိသော မိဘပြည်သူများအနေဖြင့် လတ်တလောဖြစ်ပွားနေသာ Coronavirus Disease 2019 (COVID – 19) ကမ္ဘာ့ ကပ်ရောဂါအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ရတနသုတ် ပရိတ်တရားတော်ကို မိမိနေအိမ်တွင် နေ့စဉ် ရွတ်ဖတ်ပူဇော်နိုင်ကြပါရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက တိုက်တွန်း နှိုးဆော်အပ်ပါသည်။