တီမောလက်စတေနိုင်ငံက အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားခြင်းကိစ္စနှင့် စပ်လျဉ်းသည့် (၁၁)ကြိမ်မြောက် အာဆီယံလုပ်ငန်းညှိနှိုင်းအဖွဲ့အစည်းအဝေး 11th ACCWG on Timor-Leste’s Application for ASEAN Membership (ACCWGTL)သို့သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) တက်ရောက်

           ၂၀၂၁ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ ကြီးမှူးကျင်းပပြုလုပ်သည့် တီမောလက်စတေနိုင်ငံက အာဆီယံ အဖွဲ့ဝင် နိုင်ငံအဖြစ် လျှောက်ထားခြင်းကိစ္စနှင့် စပ်လျဉ်းသည့် (၁၁)ကြိမ်မြောက် အာဆီယံ လုပ်ငန်းညှိနှိုင်း အဖွဲ့အစည်းအဝေးကို ၂၉.၇.၂၀၂၁ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၃ : ၃၀ နာရီ မှ ၁၄ : ၃၀အထိ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

           အစည်းအဝေးသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) နှင့် လေ့လာသူများ တက်ရောက်ခဲ့ပါသည်။

           အစည်းအဝေးတွင် တီမောလက်စတေနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထား ရာတွင် လိုအပ်မည့် လူ့စွမ်းအားအရင်းအမြစ်နှင့် စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက်  အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ အာဆီယံမဏ္ဍိုင်ကြီး(၃)ရပ်မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။