ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ ကြီးမှူးကျင်းပပြုလုပ်သည့် အစည်းအဝေးသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) နှင့် ASCC ရုံးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်

အာဆီယံဒေသတွင်းနေပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ သည်းခံမှုနှင့် ဒေသဆိုင်ရာ သဘောတရားများကို မျှဝေနိုင်ပြီး လိုက်လျောညီထွေမှုရှိသည့် အာဆီယံအသိုက်အဝန်းကို မြှင့်တင်ရန်အတွက် အာဆီယံအဆင့်မြင့်အလုပ်ရုံဆွေးနွေးပွဲ

ASEAN Regional Workshop on Fostering  Greater Understanding, Tolerance and a Sense of Regional Agendas Among the People of ASEAN

           ၂၀၂၁ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ ကြီးမှူးကျင်းပပြုလုပ်သည့် အစည်းအဝေးသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) နှင့် ASCC ရုံးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။ အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့ သည့် ၃၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဘရုနိုင်းနိုင်ငံ ဘုရင်မင်းမြတ်က တင်သွင်းခဲ့သော အာဆီယံဒေသတွင်းနေ ပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ သည်းခံမှု နှင့် ဒေသဆိုင်ရာသဘောတရားများကို မျှဝေနိုင်ပြီး လိုက်လျောညီထွေမှုရှိသည့် အာဆီယံ အသိုက်အဝန်းကို မြှင့်တင်ရန်အဆိုအား ဘရူနိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်းကျင်းပမည့် (၃၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက အတည်ပြုနိုင်ရန် (Adoption) ကိစ္စနှင့် စပ်လျဉ်း၍ မဟာဗျူဟာမူဘောင်(မူကြမ်း) Strategic Fram work (Zero Draft) အပေါ် သက်ဆိုင်ရာ အာဆီယံ(၁၀)နိုင်ငံမှ ASCC ဆက်စပ်လုပ်ငန်းအစုအဖွဲ့ (၁၅)ခု၊ ပြင်ပအဖွဲ့အစည်းများ၊ ပြင်ပ ပညာရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံ JAIF အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။