မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၁ ဖြင့် ဆောင်ရွက်ခွင့်ရသော စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်း/လက်ခံလွှာ Agreement of Cooperation on Project of the Mekong-Lancang Cooperation Special Fund 2021 ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်၊ ၀၈ ၀၀ နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဍမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai တို့ Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်သည့် လက်မှတ်ရေးထိုးမည့်အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်အတူ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ စီမံကိန်းဆိုင်ရာ တာဝန်ရှိ ညွှန်ကြားရေးမှူးချုပ်များက ရုံးအမှတ် ၃၅ ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ Online စနစ်ဖြင့်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)မှ ခေတ္တပါမောက္ခချုပ်က ၎င်း၏ဌာနမှ Online စနစ်ဖြင့်လည်းကောင်း ပါဝင် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားရေးမှူးချုပ်များနှင့် ခေတ္တ ပါမောက္ခချုပ်အား မြန်မာနိုင်ငံအနေဖြင့် စီမံကိန်း ၂၂ ခုအား လက်ခံရရှိပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများဖြစ်ကြသော အနုပညာဦးစီးဌာနက Mekong-Lancang: Traditional Dances Festival နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)က National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း၊ ရရှိထားသော စီမံကိန်း များကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ စီမံကိန်းများအား ချွတ်ယွင်းမှုမရှိစေဘဲ စီမံချက်ပါအတိုင်း စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ မိမိတို့၏ ယဉ်ကျေးမှု အနှစ်သာရများကို မဲခေါင်ဒေသတွင်းနိုင်ငံများသို့ ဖော်ထုတ်ပြသနိုင်သော အခွင့်အရေးကောင်းများ ရရှိချိန်တွင် စနစ်တကျဖြင့် အကောင်းဆုံးဖော်ထုတ်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ မိမိ နိုင်ငံသို့ လာရောက်မည့် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ အနုပညာရှင်များနှင့် ကျောင်းသား/ ကျောင်းသူများအတွက် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအား လစ်ဟာမှုမရှိစေရေး စီစဉ်ဆောင်ရွက် သွားနိုင်ရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။