The Twenty-Second Meeting of the ASEAN-COCI Sub-Committee on Culture(22nd SCC) and The Tenth Meeting of the ASEAN Plus Three Cultural Cooperation Network (10th APTCCN) အစည်းအဝေးသို့သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOMCA Leader) တက်ရောက်

လာအိုနိုင်ငံမှကြီးမှူးကျင်းပသည့် 22nd SCC အစည်းအဝေးကို ၁၁.၈.၂၀၂၁ နံနက် ၈ : ၃ဝ နာရီ မှနေ့လည် ၁၁ : ၃ဝအထိလည်းကောင်း၊ 10th APTCCN အစည်းအဝေးကို  မွန်းလွဲပိုင်း ၁၃ : ဝဝ နာရီမှ ညနေ ၁၅ : ၃ဝ အထိလည်းကောင်း Video Conferencing စနစ်ဖြင့်  ကျင်းပခဲ့ပါသည်။

          အစည်းအဝေးသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOMCA Leader) နှင့် ရုံးအဖွဲ့ တက်ရောက်ခဲ့ပါသည်။                                               

22nd SCC အစည်းအဝေးတွင် ၂၀၂၁ ဘဏ္ဍာရေးနှစ် နှင့် ၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်း အဆိုပြုလွှာများအား ပံ့ပိုးရန် ACF လက်အောက်ရှိ ရန်ပုံငွေများနှင့်ပတ်သက်၍ အာဆီယံအတွင်းရေး မှူးချုပ်ရုံးမှ ရှင်းလင်းပြောကြားခြင်း၊ ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဒူဘိုင်း၌ ကျင်းပမည့် ကမ္ဘာ့ ကုန်စည်ပြပွဲ ၂၀၂၀ တွင် ပူးတွဲယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်မှုကို ပံ့ပိုးရန် ပိုလျှံရန်ပုံငွေ သုံးစွဲမှု နှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ၂၀၂၁-၂၀၂၂ ဘတ်ဂျတ်နှစ်အတွင်း စီမံကိန်းအဆိုပြုလွှာများ တင်ပြ ခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ရာတွင် ကမ္ဘောဒီးယားနိုင်ငံမှ စီမံကိန်းအဆိုပြုလွှာ (၂)ခု၊ လာအို နိုင်ငံမှ စီမံကိန်းအဆိုပြုလွှာ (၁)ခု၊ မလေးရှားနိုင်ငံမှ စီမံကိန်းအဆိုပြုလွှာ (၂)ခု၊ စင်ကာပူနိုင်ငံမှ စီမံကိန်းအဆိုပြုလွှာ (၁)ခု၊ ထိုင်းနိုင်ငံမှ စီမံကိန်းအဆိုပြုလွှာ (၃)ခုနှင့် အာဆီယံ အတွင်းရေးမှူးချုပ် ရုံးမှ စီမံကိန်းအဆိုပြုလွှာ(၁)ခုတို့အား သက်ဆိုင်ရာနိုင်ငံများမှ တင်ပြပြီး ဆောင်ရွက်ရန်ရှိသည်များ ကို ဆွေးနွေးခဲ့ပါသည်။

          ဒုတိယပိုင်းအနေဖြင့် 10th APTCCN အစည်းအဝေးကိုကျင်းပရာ အာဆီယံ +၃နိုင်ငံများ ဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ယဉ်ကျေးမှု ကဏ္ဍနှင့်သက်ဆိုင်သောကိစ္စရပ်များ၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အတွက် ASEAN+3 လုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော်သည့် ကိစ္စရပ်များ၊  ယဉ်ကျေးမှု ကဏ္ဍတွင် ASEAN+3 ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သည့်  လုပ်ငန်းအစီအစဉ်များအား ပြန်လည် သုံးသပ်ခြင်း၊ အဆိုပြုတင်ပြခြင်းနှင့် ဆွေးနွေးခြင်း၊ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းစဉ်များ အပါအဝင် မွမ်းမံထားသော လုပ်ငန်းအစီအစဉ်များ ပိုမိုတိုးတက်စေရန် အကောင်အထည်ဖော်မှု နည်းလမ်းများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။