တက္ကသိုလ်၏လူမှုကွန်ရက်စာမျက်နှာနှင့်ပတ်သက်၍ ကြေညာခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ လူမှုကွန်ရက်စာမျက်နှာ ဖြစ်သော National University of Arts and Culture – Yangon, NUAC-Ygn, Official သည်  ၁၀-၂-၂၀၂၁ ရက်နေ့မှစ၍ CDM ပြုလုပ်သော ဆရာ/ဆရာမများမှ အသုံးပြုလျက်ရှိပါသဖြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)က Admin အဖြစ် ထိန်းချုပ်ဆောင်ရွက် နေသည့် လူမှုကွန်ရက်စာမျက်နှာ မဟုတ်ပါကြောင်းနှင့်  အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)သည် အခြားမည်သည့် လူမှုကွန်ရက် စာမျက်နှာကိုမျှ ဖွင့်လှစ်ဆောင်ရွက် ထားခြင်းမရှိပါကြောင်း သိရှိနိုင်ပါရန် ကြေညာအပ်ပါသည်။

NUAC, Ygn