ၐ၈.၉.၂၀၂၁ နေပြည်တော်
၂၀၂၁ ခုနှစ် ASEAN COCI အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံမှ ကြီးမှူး ကျင်းပပြုလုပ်သည့် (၅၆)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့်ပြန်ကြားရေးကော်မတီ အစည်း အဝေးသို့ မြန်မာနိုင်ငံ ASEAN COCI ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် COCI-SCC တာဝန်ခံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် COCI- SCI တာဝန်ခံ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေး တွင် (၂၂)ကြိမ်မြောက် SCCနှင့် SCI အစည်းအဝေးတို့မှ တင်ပြလာသည့် ကိစ္စရပ်များနှင့် “မတူကွဲပြားခြင်းနှင့် ဖန်တီးနိုင်စွမ်း – အာဆီယံအတွက် ရေရှည်တည်တံ့သော အနာဂတ်ဆီသို့” ခေါင်းစဉ်ဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။