အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

          ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများအနေဖြင့် အစိုးရယန္တရားလည်ပတ်နိုင်အောင် ပေးအပ်သောတာဝန်ကို ကြိုးစား ဆောင်ရွက်ကြရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ၊ လူတော်လူကောင်းများ ဖော်ထုတ်နိုင်ရေး အတွက် အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ပေးသွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး၏ လမ်းညွှန်ချက်အရ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ပုဂံခေတ်နံရံဆေးရေးပန်းချီများအား တွေ့ရှိချက်၊ သုတေသနပြုချက်များမှတစ်ဆင့် ဆရာ၊ ဆရာမ များ၏ သင်ကြားရေးတွင်အထောက်အကူဖြစ်စေရန် “ပုဂံခေတ်နံရံဆေးရေးပန်းချီမှ ယဉ်ကျေးမှု ပုံရိပ်များ”အလုပ်ရုံဆွေးနွေးပွဲအား ၂၁-၉-၂၀၂၁ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က “ပုဂံခေတ်နံရံဆေးရေးပန်းချီမှ ယဉ်ကျေးမှုပုံရိပ်များ” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင် ဆွေးနွေးခဲ့ပြီး တက်ရောက်သူများက  စာတမ်းဖတ်ကြားမှုအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ ကြပါသည်။

          အဆိုပါအခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ခေတ္တပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့် ဒုတိယပါမောက္ခချုပ်(စီမံ)၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့် ရေးနှင့်သုတေသနဌာနခွဲ၊ အနုပညာအထက်တန်းကျောင်း၊ ဇာတ်ရုံဌာနခွဲ(ရန်ကုန်)တို့မှ အရာထမ်း၊ အမှုထမ်း၊ စုစုပေါင်း (၆၄)ဦး တက်ရောက်ခဲ့ကြပါသည်။