Joint Consultative Meeting(JCM)

၂၂.၉.၂၀၂၁                                                                                                နေပြည်တော်

           ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ မြန်မာဒေသစံတော်ချိန် (၀၈:၀၀ မှ ၁၁:၀၀ အထိ)တွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ ကြီးမှူး၍ Video Conference ဖြင့်ကျင်းပသည့် “Joint Consultative Meeting (JCM)” အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) နှင့် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ရုံးအဖွဲ့တို့ တက် ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင်  ၃၈ ကြိမ်မြောက်နှင့်  ၃၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများအတွက် ပြင်ဆင်မှုများ၊  ၂၀၂၁ ခုနှစ်အတွက် အာဆီယံ၏ ဦးစားပေးအစီအစဉ်များ၊ ၃၀ ကြိမ်မြောက် အာဆီယံညှိနှိုင်းရေး ကောင်စီအစည်းအဝေးအတွက် ပြင်ဆင်မှုများ၊ သက်ဆိုင်ရာမဏ္ဍိုင်များ၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ အာဆီယံ-တရုတ်ဆက်ဆံရေး နှစ်(၃၀)ပြည့်အထိမ်းအမှတ်အဖြစ် ဆောင်ရွက်မည့် Picture Album နှင့်ပတ်သက်၍ AMS နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ဆောင်ရွက်ထားမှုများ နှင့် ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူမည့် ကမ္ဘောဒီးယားနိုင်ငံမှ အစည်းအဝေး ကျင်းပမည့် AMM နှင့် အာဆီယံ Summit များ၏ ကျင်းပမည့် ရက်စွဲများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။