အမျိုးသားစာကြည့်တိုက် နည်းဥပဒေ(မူကြမ်း)အပေါ် လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

                     သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် ဦးဆောင်၍ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် (ရန်ကုန်)တို့မှ တာဝန်ရှိသူ များက ဥပဒေပညာရှင် ရေးဆွဲပေးပို့လာသည့် အမျိုးသားစာကြည့်တိုက်နည်းဥပဒေ  (မူကြမ်း) အပေါ် ပြင်ဆင်ဖြည့်စွက်သည့် ညှိနှိုင်းအစည်းအဝေးကို (၁၇-၉-၂၀၂၁) ရက်နေ့၊ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် Online  ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

                    အစည်းအဝေးတွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် ၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါက်တာကေသီအေး၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ပြုံးပြုံးအေး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ချို ၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)နှင့်(ရန်ကုန်)တို့မှ တာဝန်ရှိသူများက အမျိုးသားစာကြည့်တိုက် နည်းဥပဒေ (မူကြမ်း)အပေါ် ပြင်ဆင်ဖြည့်စွက်ရမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါ သည်။

                    ထို့နောက် ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေးတွင် ပြင်ဆင်ဖြည့်စွက်ရန် ဆုံးဖြတ်ခဲ့သည့် ပြင်ဆင်ချက်များကို ပြင်ဆင်ဖြည့်စွက်ပြီး ပြန်လည်တင်ပြရန် ၊ ပြင်ဆင်ဖြည့်စွက် ပြီးသည့် နည်းဥပဒေ(မူကြမ်း)အား ဥပဒေပညာရှင်ထံပေးပို့၍ အတည်ပြုချက်ရယူသွားမည် ဖြစ်ကြောင်းနှင့် ဥပဒေပညာရှင်ထံမှ အတည်ပြုပြီးသည့် မူကြမ်းပြန်လည်ရရှိပါက ဥပဒေပညာ ရှင်အားဖိတ်ခေါ်ပြီး Online Meeting ခေါ်ယူ၍ ထပ်မံညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကိုနေ့လည် (၁၂:ဝဝ)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။