၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၃
ကိုရီးယားသမ္မတနိုင်ငံ၊ Sejong မြို့ရှိ KDI School of Public Policy & Management ကျောင်းတွင် (၇-၉-၂၀၂၀) ရက်နေ့မှ (၁၆-၈-၂၀၂၁) ရက်နေ့အထိ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ Master of Public Management (MPM) သင်တန်းသို့ တက်ရောက်ခဲ့သည့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရှိုင်းဇာနည်ထွန်း၏ သင်တန်းအတွေ့အကြုံများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို Video Conferencingစနစ်ဖြင့်၂၃-၉-၂၀၂၁ ရက်နေ့၊ မွန်းလွဲ(၂:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အတွေ့အကြုံရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနလက်အောက်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးရုံး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ အနုပညာဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ သမိုင်း သုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး)တို့မှ စိတ်ပါဝင်စားသူအရာထမ်း၊ အမှုထမ်း (၆၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။