ဝန်ထမ်းအိမ်ရာများနှင့် လူပျို ၊အပျိုဆောင်များ၏ ပတ်ဝန်းကျင်ရှိ ချုံနွယ် မြက်ပင်များ ရှင်းလင်းဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်း

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၅

          ၂၅.၉.၂ဝ၂၁ ရက်နေ့တွင် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းဦး ဦးဆောင်သောအဖွဲ့သည် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာများနှင့် လူပျို၊ အပျိုဆောင်များ၏ ပတ်ဝန်းကျင် သန့်ရှင်း၊ သာယာ၊ လှပမှုရှိစေရန်နှင့် ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် မဖြစ်စေရန်အတွက် ချုံနွယ်မြက်ပင်များ ရှင်းလင်းထားရှိမှုအခြေအနေအား  လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။