ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများဆိုင်ရာ အာဆီယံညှိနှိုင်းအစည်းအဝေးအဖွဲ့၏ (၇) ကြိမ်မြောက်အစည်းအဝေး 7TH MEETING OF THE ASEAN COORDINATING COUNCIL WORKING GROUP ON PUBLIC HEALTH EMERGENCIES (7th ACCWG-PHE)

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ ဝဝ နာရီမှ ၁ဝ ဝဝ နာရီအထိ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများဆိုင်ရာ အာဆီယံ ညှိနှိုင်းအစည်းအဝေး အဖွဲ့၏ (၇) ကြိမ်မြောက်အစည်းအဝေးကို အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ကိုယ်စားပြုအဖြစ် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့် တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်(SOCA Leader)နှင့် ရုံးအဖွဲ့မှ တက်ရောက် ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေ အနေနှင့် အာဆီယံ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုအခြေအနေများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ အား တုံ့ပြန်နိုင်ရေး အာဆီယံမှ ဦးစားပေးဆောင်ရွက်ချက်များ၊ အာဆီယံဒေသတွင်း ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေများအတွက် ဆေးဝါးပစ္စည်းများ အရံသင့်ထားရှိမှု၊ အာဆီယံ ၏ ပြီးပြည့်စုံသော ပြန်လည်ထူထောင်ရေးမူဘောင်နှစ်ကုန်အစီရင်ခံစာ၊ အာဆီယံကျန်းမာရေး ကဏ္ဍမှ ကိုဗစ်-၁၉ အား တုံ့ပြန်မှုအခြေအနေများ၊ ACPHEED စင်တာ ထူထောင်ရေးအတွက် အိမ်ရှင်နိုင်ငံ (Host Country) ရွေးချယ်မှုအခြေအနေ၊ အရေးပေါ်ပြည်သူ့ကျန်းမာရေးအတွက် အာဆီယံအပေါင်းသုံး ဆေးဝါးပစ္စည်းများ ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံခရီးသွား စင်္ကြန် သဘောတူညီချက်မူဘောင် အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ အာဆီယံဒေသ တွင်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လုပ်ငန်းအစုအဖွဲ့မှ အကြံပြုချက် များကို အာဆီယံစီးပွားရေးကောင်စီမှ တင်ပြချက်များအား ဆွေးနွေးခဲ့ကြပါသည်။