အနုပညာဦးစီးဌာန၊ ဇာတ်ရုံဌာနခွဲအောက်ရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)အား ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင် ရွက်လျက်ရှိခြင်း

အနုပညာဦးစီးဌာန၊ ဇာတ်ရုံဌာနခွဲအောက်ရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)အား   တရုတ်ပြည်သူ့ သမ္မတနိုင်ငံအကူအညီဖြင့်  Beijing Construction Engineering Group Co., Ltd  က ၁၀.၈.၂၀၁၉ ရက်နေ့မှ စတင်၍ အကြီးစားပြုပြင်မွမ်းမံလျက်ရှိရာ အသံစနစ်များနှင့် ဇာတ်စင်သုံး မီးစနစ်များကို အဆင့်မြှင့်တင်ခြင်း၊ AirCon စနစ်၊ အလိုအလျောက် မီးငြိမ်းသတ်စနစ်၊ ပွဲကြည့်ထိုင်ခုံများ အဆင့်မြှင့်တင်ခြင်း၊  အဆောက်အဦပိုင်းဆိုင်ရာနှင့် အခြားအထွေထွေပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။