ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံးမှ ပန်းချီပန်းပုပညာရှင်သက်ကြီးရွယ်အိုများ၊ တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင်များနှင့် မိသားစုဝင်(၈၆)ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)တို့ ပူးပေါင်းစီစဉ်၍ ယနေ့နံနက် ၀၉၃၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း(မူလွန်)၌ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံးမှ ပညာရှင်များ၊ တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင်များနှင့်  မိသားစုဝင်(၈၆)ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပါသည်။

ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။