အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပညာရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၁) ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပညာရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၁)ကို (၁၁-၁၀-၂၀၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ၌ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ တွင်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးဆိုင်ရာအစီအမံများ၊ အကြံပြုချက်များနှင့်အညီကျင်းပပြုလုပ်ခဲ့ရာ ခေတ္တပါမောက္ခချုပ် နှင့်တကွ ဒုတိယပါမောက္ခချုပ်(စီမံ)၊  ဖိတ်ကြားထားသည့် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ပြင်ပပညာရှင်များ၊ တွဲဖက်ပါမောက္ခများ၊ သင်တန်းမှူး၊ ဘွဲ့လွန်ဒီပလိုမာသင်တန်းများ၊ ကထိကနှင့် မော်ကွန်းထိန်း၊  စုစုပေါင်း(၂၃)ဦး တက်ရောက်ခဲ့ကြပါသည်။

        အဆိုပါ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပညာရေးအဖွဲ့ အစည်းအဝေး(၁/၂၀၂၁)၌ အမှာစာ(၇)ခုကို တင်ပြဆွေးနွေးခဲ့ရာ သဘောတူဆုံးဖြတ်ချက်များ ရရှိခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာကြသည့် ပြင်ပပညာရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များမှ သင်ကြားရေးဆိုင်ရာကိစ္စရပ်များအတွက် အသီးသီးဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို  နေ့လယ်(၁:၂၀)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။