Puppet festival of Lancang – Mekong စီမံကိန်းကို ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့မှ(၃၁)ရက်နေ့အထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၌ လက်ခံကျင်းပပြုလုပ်သွားရန်ကိစ္စနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

လန်ချန်းမဲခေါင် ဒေသရှိ အဖွဲ့ဝင် ()နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံများမှ အနုပညာရှင်လူငယ်များ ပူးပေါင်း ပါဝင်ဆောင်ရွက်မည့် Puppet festival of Lancang – Mekong စီမံကိန်းကို ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)   လက်ခံကျင်းပ ပြုလုပ်သွားရန်ကိစ္စနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ၂၂-၁၀-၂၀၂၁ ရက်နေ့၊ နံနက်(၀:၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ် ကြည်လင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပါသည်။ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး သည် Video Conferencing စနစ်ဖြင့် ပါဝင် တက်ရောက်ပါသည်။

               ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လန်ချန်း-မဲခေါင်ဒေသတွင်း(၆)နိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့အစည်းများနဲ့ အနုပညာရှင်လူငယ်များကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည့် လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်(Puppet Festival of Lancang-Mekong) အောင်မြင်စွာကျင်းပနိုင်ရေး ပြုလုပ်သည့် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊

               ဒီစီမံကိန်းကို ယခင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ကျင်းပပြုလုပ်ရန် လျာထားခဲ့သော် လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအခြေအနေများအရ ကျင်းပမည့် အချိန်ကို ရွှေ့ဆိုင်းလာခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ မန္တလေးမြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) က လက်ခံကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းအတွက်ကုန်ကျငွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၀)မှ ကျခံပေး ခြင်းဖြစ်ပါကြောင်း၊

               မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံများသည် စီးပွားရေးနှင့်လူမှုရေးနယ်ပယ်များတွင်သာမက ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်ကို အားလုံးတွေ့မြင်သိရှိပြီးဖြစ်ပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ လန်ချန်း-မဲခေါင်ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများနှင့် ယဉ်ကျေးမှုဖလှယ်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးတို့ကို အမြဲအလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊

               လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် လန်ချန်း-မဲခေါင် လူငယ်အနုပညာနှီးနှောဖလှယ်ပွဲ(Lancang-Mekong Cultural Exchanged Youth Camp)ကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)ကပင် အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုကျင်းပပြုလုပ်မည့်ပွဲတော်သည်လည်း လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများမှ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် အနုပညာရှင်လူငယ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုဖြင့် လန်ချန်း-မဲခေါင်ယဉ်ကျေးမှုဖလှယ်ရေးပလက်ဖောင်း ထူထောင်ရန်အတွက်  လန်ချန်း-မဲခေါင်ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများမှ ရိုးရာယဉ်ကျေးမှုရုပ်သေး ပညာရပ်များ မပျောက်ပျက်စေရေးဆောင်ရွက်ရန်၊ ရိုးရာယဉ်ကျေးမှုရုပ်သေးပညာရပ်များကို ဖော် ထုတ်မြှင့်တင်ထိန်းသိမ်းရေးဆောင်ရွက်ရန်၊ ရုပ်သေးပညာရှင်လူငယ်များအကြား အပြန်အလှန် ချစ် ကြည်ရင်းနှီးမှု၊ ယုံကြည်မှု တိုးတက်ရရှိစေရန် စသောရည်ရွယ်ချက်များဖြင့် ဒုတိယအကြိမ် ကျင်းပပြုလုပ်မည့် ပွဲတော်တစ်ခုဖြစ်ပါကြောင်း၊

               ယခုကာလသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက်မှုများ၊ အသွားအလာကန့်သတ်မှုတားမြစ်ချက်များ ရှိနေသေးပါကြောင်း၊ ပွဲတော်ကျင်းပ မည့်ကာလတွင် ယခုကဲ့သို့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်မှု ရှိနေဦးမည်ဆိုပါက လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများမှ အနုပညာရှင်လူငယ်များ၊ ဧည့်သည်များ မြန်မာနိုင်ငံသို့ အဆင်ပြေစွာ လာရောက် နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ သွားလာရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ဝင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ရောက်ရှိချိန်၌လည်း လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက အကြံပြုဆွေးနွေးပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်းၐ ဆွေးနွေးပြောကြားခဲ့ပါသည်။

               ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက  လန်ချန်းမဲခေါင် ဒေသရှိ အဖွဲ့ဝင် ()နိုင်ငံမှ အနုပညာရှင်လူငယ်များ ပူးပေါင်း ပါဝင်ဆောင်ရွက်မည့် Puppet festival of Lancang – Mekong စီမံကိန်းကို ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)   လက်ခံကျင်းပပြုလုပ်သွားရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်များကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။

               ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက မိမိတို့ဌာနအလိုက်  ဆောင်ရွက် ပေးနိုင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးညှိနှိုင်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်ကို မြန်မာနိုင်ငံ၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ဦးစီး ကော်မတီနှင့် ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်၍ ကော်မတီအသီးသီးတွင် ပါရှိသော ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ လုံခြုံရေးကို အထူးဂရုစိုက်ဆောင်ရွက်ရန် လိုပါကြောင်း၊ လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများနှင့် ယဉ်ကျေးမှုအနုပညာ ပူးပေါင်းဖလှယ်ရေး ဆောင်ရွက်ရာတွင် လည်း အကျိုးရှိစွာ လုံ့လထုတ်၍ ကြိုးစားဆောင်ရွက်ရန်လိုပါကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသော ဝန်ကြီးဌာနများအနေဖြင့်လည်း လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း ပြောကြားပြီး အစည်းအ‌ဝေးကို (၁၁:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။