မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) တွင် ထုတ်လွှင့်ပြသနိုင်ရေးအတွက် ရိုက်ကူးရေးပြုလုပ် မည့် ရွှေမြန်မာအငြိမ့်ခန်းအစီအစဉ်(၂)အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ ဝန်ထမ်းများက အကများ ဇာတ်တိုက် လေ့ကျင့်လျက်ရှိခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင် ဝန်ထမ်းများက ပြည်သူများအပန်းပြေစေရန် ရည်ရွယ်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) တွင် ထုတ်လွှင့်ပြသနိုင်ရေးအတွက် ရိုက်ကူးထုတ်လွှင့်မည့် ရွှေမြန်မာအငြိမ့်ခန်းအစီအစဉ်(၂)အား ဝတ်စုံပြည့်အစမ်းလေ့ကျင့်တင်ဆက်ကပြခြင်းကို ၂၇.၁၀.၂၀၂၁ ရက်(ဗုဒ္ဓဟူး)နေ့လည် ၁၄:၀၀နာရီ အချိန်တွင် နေပြည်တော် လေ့ကျင့်ရေးဇာတ်ရုံ တွင် ပြုလုပ်ခဲ့ပါသည်။