(၂၇)ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို (၁၅-၁၁-၂၀၂၁) ရက်နေ့၊ (၁၀:၀၀)နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ ဒုတိယထပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ပုလဲကျွန်းလမ်း၊ ရွှေစေတီဝိစာရဓမ္မရိပ်သာ ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဓမ္မသာရ  (သာသနဓဇဓမ္မာစရိယ၊ M.A, Ph.D) ဦးစီးသော ဆရာတော် သံဃာတော် (၅)ပါးတို့အား ပင့်ဖိတ်၍ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၏ စုစုပေါင်းလှူဒါန်းမှုမှာ ၁၇၀၃၆၀ဝိ/- (ကျပ်တစ်ဆယ့်ခုနှစ်သိန်းသုံးထောင့်ခြောက်ရာကျပ်တိတိ)ကို လှူဒါန်းခဲ့ကြပါသည်။