ရှေးဟောင်းအဆောက်အအုံများ ပေါ်တွင် ပေါက်ရောက်နေသော ညောင်ပင်၏ အမြစ်များ ဓာတုဆေဝါး များဖြင့် အပင်အမြစ်သတ်ဆောင်ရွက် ပြီးစီးမှုအခြေအနေ

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိရှေးဟောင်းအဆောက်အအုံများပေါ်တွင် ပေါက်ရောက် နေသော ညောင်ပင်၏ အမြစ်များကြောင့် အန္တရာယ်ဖြစ်စေနိုင်ကြောင်း  Voice of Bagan မှ ဖော်ပြထားသည့်   ရှေးဟောင်း အဆောက်အအုံ(၁၁)ဆူအနက်မှ ဘုရားအမှတ် ၁၂၅၀ ၊ ၄၁၄/၉၈၈ (သာယာဝတေ့)၊ ၈၀၃(ပြဿဒ်ကြီး)တို့ကို ဆောင်ရွက်ပြီးဖြစ်ပါသည်။ ဘုရားအမှတ် ၂၀၇၀ (ရင်မနား)၊၁၉၆၈တို့မှာ အပင် အမြစ် သတ်ခြင်းလုပ်ငန်း ဆောင်ရွက်ဆဲ ဖြစ်ပါသည်။ ကျန်ရှိနေသော ရှေးဟောင်းအဆောက်အအုံများဖြစ်သည့်  ဘုရားအမှတ် ၇၇၁(ဓမ္မရံကြီး)၊ ၁၆၀၅ (ပုထိုးသား)၊ ၉၉၆၊ ၁၈၅၆၊ ၂၇၉၊ ရွှေအိမ်စည်ဥမင်တို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန