“သမိုင်းသုတေသနဘာသာရပ်ဆိုင်ရာစာတမ်းဖတ်ပွဲ” ကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူးကျင်းပသော “သမိုင်းသုတေသနဘာသာရပ်ဆိုင်ရာစာတမ်းဖတ်ပွဲ”  ဖွင့်ပွဲ အခမ်းအနားကို ၂၀-၁၁-၂၀၂၁ ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြင်ပပညာရှင်များ တက်ရောက်ကြပြီး သမိုင်း သုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲနှင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)မှ ဝန်ထမ်းများက Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မိမိတို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ယဉ်ကျေးမှုအပိုင်းမှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အနုပညာဦးစီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနများ ပါဝင်ဖွဲ့စည်း ရာမှာ ဦးစီးဌာနအားလုံးအနေဖြင့် ဝန်ကြီးဌာန၏ “နိုင်ငံဂုဏ်ပြု ယဉ်ကျေးမှု” ဆောင်ပုဒ်နှင့်အညီ နိုင်ငံကိုဂုဏ်ပြုနိုင်အောင် တစ်နည်းတစ်လမ်းအားဖြင့် အထောက်အပံ့ပေးနေကြသည်ကို တွေ့ရ ပါကြောင်း၊ ဦးစီးဌာနသုံးခု၏ ဘာသာရပ်များဖြစ်သော ရှေးဟောင်းသုတေသနပညာ၊ ပြတိုက် ပညာ၊ အနုပညာ၊ စာကြည့်တိုက်ပညာအစရှိသည့် ဘာသာရပ်တိုင်းသည် သူ့ကဏ္ဍနဲ့သူ လူမှုအဖွဲ့ အစည်းအတွက် အရေးပါအသုံးဝင်ကြကြောင်း၊ သမိုင်းဘာသာရပ်သည် လူသားထု တစ်ရပ်လုံး၏ အကြောင်းများကို လေ့လာသောဘာသာရပ်ဖြစ်ပါကြောင်း၊ လူသား စတင်ပေါ်ပေါက်လာသည်မှ အစပြု၍ ယနေ့ခေတ်ကာလအထိ လူသားတို့၏ လှုပ်ရှားစွမ်းဆောင်မှုများကို လေ့လာသည့် သမိုင်းဘာသာရပ်သည် နယ်ပယ်ကျယ်ဝန်းလှပါကြောင်း၊ အတိတ်နှင့် ပစ္စုပ္ပန်သည် အကြောင်း အကျိုးအားဖြင့် ဆက်စပ်လျက်ရှိသဖြင့် ပစ္စုပ္ပန်အခြေအနေကို သိရှိနားလည်နိုင်ရန်နှင့် ၎င်းအခြေ အနေကို ပြုပြင်ပြောင်းလဲဖို့ရန်အတွက် အတိတ်က အခြေအနေနှင့် သမိုင်းကြောင်း၏ အလား အလာကို သိရှိရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် သမိုင်းကို ဖတ်ရှုလေ့လာခြင်းအားဖြင့် သမိုင်း အသိပညာကို ရရှိနိုင်မှာဖြစ်သကဲ့သို့ သမိုင်းသင်ခန်းစာများကိုလည်း ရယူအသုံးချနိုင်မည်ဖြစ်ပါ ကြောင်း၊ သမိုင်းသည် လူမှုအဖွဲ့အစည်းတွင် အရေးပါပါကြောင်း၊ လူသားတိုင်း သမိုင်းသိရန် လိုအပ်သကဲ့သို့ မိမိတို့နိုင်ငံသူ နိုင်ငံသားတိုင်းလည်း မိမိတို့နိုင်ငံ၏ သမိုင်းကို အနည်းဆုံးအားဖြင့် သိထားနားလည်ရမှာဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း အထောက်အပံ့ဖြစ်စေရန်အတွက် “သမိုင်း သုတေသနဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ” ဟု အမည်ပေးပြီး စာတမ်းဖတ်ပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ (၁) ကာလသုံးပါးစလုံးနှင့် သက်ဆိုင်သော မြန်မာသမိုင်းကို ရှုထောင့်ပေါင်းစုံမှ

လေ့လာသုံးသပ်ချဉ်းကပ်၍ အနာဂတ်မြန်မာနိုင်ငံအကျိုးတွင် တစ်ထောင့်တစ်နေရာမှ အကျိုး ပြုနိုင်ရန်၊ (၂)မြန်မာ့ရေးရာသုတေသနနှင့်ပတ်သက်၍ ပညာရပ်နယ်ပယ်စုံ သုတေသနအမြင်များ ဖော်ထုတ်ရန်နှင့် သမိုင်းပညာရှင်များ ပေါ်ထွန်းလာစေရန် (၃) အသိပညာရှင်၊ အတတ်ပညာရှင် များ၏ အတွေ့အကြုံ၊ အသိအမြင်၊ ဗဟုသုတများဖလှယ်ခြင်းအားဖြင့် ပိုမိုကျယ်ဝန်းသည့် ပညာရပ်နယ်ပယ်တစ်ခု ပေါ်ထွက်လာစေရန်၊ (၄) မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် အစဉ်အလာကြီးမား လှသော မြန်မာ့သမိုင်းကို တိုင်းရင်းသားပြည်သူအတွင်း ပြန့်နှံ့ရောက်ရှိစေပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကို မြတ်နိုးတတ်လာစေရန်၊ ၎င်းမှတစ်ဆင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုခိုင်မြဲလာ စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

စာတမ်းဖတ်ပွဲတွင် ဒေါက်တာထွန်းထွန်းဦးက “ဗုဒ္ဓဘာသာအခြေခံသော မြန်မာ့ယဉ်ကျေးမှု” စာတမ်း၊ ဒေါက်တာလဲ့လဲ့ဝင်းက “သထုံမြို့ဟောင်းခေတ် သမိုင်းအထောက်အထားများကို ဆန်းစစ်လေ့လာခြင်း” စာတမ်း၊ ဦးစွမ်းပြည့်က “The Sino-Burmese War (1765-1769) the Chinese Perspective” စာတမ်း၊ ဒေါက်တာနှင်းယုခိုင်က “အမိန့်တော်အချို့တွင် တွေ့ရသော သမိုင်းအချက်အလက်များကို လေ့လာခြင်း (၁၇၅၂-၁၇၈ဝ)” စာတမ်း၊ ဒေါ်မြတ်မာလာလွင် က “စကုဒေသရှိ ထူးခြားထင်ရှားသမိုင်းမှတ်တမ်းများ” စာတမ်း၊ ဒေါက်တာဝိုင်းဝိုင်းအောင်က “ရှေးခေတ် မြန်မာ့လူမှုအစဉ်အလာ ဓလေ့စရိုက်တစ်ခုဖြစ်သည့် ရိုးရာစစ်တုရင် ကစားနည်းအား လေ့လာသုတေသနပြုတင်ပြခြင်း” စာတမ်း စသည့် နယ်ပယ်ပေါင်းစုံမှ အကြောင်းအရာများကို  အသီးသီးဖတ်ကြားခဲ့ကြပြီး စာတမ်းဖတ်ပွဲတက်ရောက်လာကြသော ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်း၊ မြန်မာသမိုင်းအဖွဲ့မှ အချိန်ပိုင်းအဖွဲ့ဝင် ဦးကျော်စိုး၊ ပြည်ထောင်စုလွှတ်တော်မှ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်မြတ်ကျော်၊ စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံးမှ ဒုတိယ‌မော်ကွန်း တိုက်မှူး ဒုတိယဗိုလ်မှူးကြီးအောင်နိုင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဘေဘီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာဦး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီအောင်စိုး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသော်၊ သယံဇာတ နှင့်သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူခိုင်၊ သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးများ ဖြစ်သော ဒေါက်တာခင်သီတာ၊ ဒေါက်တာသူဇာညွန့်၊ ‌ဒေါက်တာမြမြသောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မွန်သီရိစိုးနှင့် သုတေသနအရာရှိ ဦးဇော်မင်းထွန်း တို့က မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြပါ သည်။

ထို့နောက် သမိုင်းပညာရှင် ဒေါက်တာမြင့်သိန်းက ဖတ်ကြားခဲ့သည့်စာတမ်းများအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ကာ ဒုတိယဝန်ကြီး ဦးထွန်းအုံက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ညနေ (၄:၃၀) နာရီတွင် စာတမ်းဖတ်ပွဲအခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။