မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) တွင် ထုတ်လွှင့်ပြသနိုင်ရေးအတွက် ရိုက်ကူးရေးပြုလုပ်မည့် စောင့်စည်းအာရုံမြတ်သည့်ဂုဏ် ဇာတ်တော်ကြီးအစီအစဉ်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ ဝန်ထမ်းများက အကများ ဇာတ်တိုက် လေ့ကျင့်လျက်ရှိပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ၏ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များအနက်   ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းသောအားဖြင့် ဇာတ်တော်ကြီးများကို ဖော်ထုတ်တင်ဆက်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ နယ်လှည့်ဖျော်ဖြေ တင်ဆက်နိုင်ရေး၊ ဆို၊ ငို၊ ပြော စသည့် ရိုးရာသဘင်ပညာရပ်များနှင့် တီးခတ်မှုပညာရပ်၊ စွမ်းရည်များ တိုးမြှင့်ရေးအတွက် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ COVID-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နေသည့်ကာလအတွင်း အများပြည်သူများ စိတ်အပန်းဖြေနိုင်ရေးအတွက်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) တွင် ထုတ်လွှင့်ပြသနိုင်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ထုတ်လုပ် ဌာနခွဲရှိ အနုပညာရှင်ဝန်ထမ်းများက စောင့်စည်းအာရုံမြတ်သည့်ဂုဏ် ဇာတ်တော်ကြီးအစီအစဉ် ဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက် ရှိပါသည်။