ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ အတွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် ပေါင်း၊ မြက်များ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိ

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ရှေးဟောင်းအဆောက်အအုံများ ပေါ်တွင် ပေါက်ရောက်နေသော သစ်ပင်ချုံနွယ်များအား ဦးစားပေးအလိုက်နေ့စဉ် ဆောင်ရွက်လျက်ရှိ ပါသည်။ (၂၄.၁၁.၂၀၂၁)ရက်နေ့တွင် ဘုရားအမှတ် ၁၆၆၇၊ ၁၆၆၈၊ ၁၆၇၀-က ၊ ၁၆၇၄ တို့တွင် ဘုရားအပေါ် ပိုင်းတွင် ပေါက်ရောက်နေသည့် ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းအပြင် ဘုရားအမှတ် ၅၈၉-က၊ ၁၅၉၅၊ တဘက်ကျစေတီ၊ ၁၅၉၂၊ မင်္ဂလာစေတီတို့၏ ရင်ပြင်တော်မှ ပေ(၂၀)အကွာ၊ သစ်ပင်ခြုံနွယ်များရှင်လင်း ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

(၂၅.၁၁.၂၀၂၁)ရက်နေ့တွင်လည်း ဘုရားအမှတ် ၁၆၇၄ မြောက်ဘက်၊ ၁၆၇၆၊ ၁၆၇၇၊ ၁၆၇၈ တို့၏ ဘုရားအပေါ် ပိုင်းတွင် ပေါက်ရောက်နေသည့် ပေါင်းမြက်ရှင်းလင်းခြင်း၊ ဘုရားအမှတ် ၁၆၀၆၊ ၂၃၃၁-က ၊ ၂၃၃၁-ခ တို့၏ ရင်ပြင်တော်မှ ပေ(၂၀)အကွာ၊ သစ်ပင်ခြုံနွယ်များရှင်လင်း ခြင်းကို ဆောင်ရွက် ခဲ့ပါသည်။ ပေါင်းမြက်များရှင်းလင်းခြင်းလုပ်ငန်းများအဖြစ် ဘုရားအပေါ်နှင့် ရင်ပြင်တော်တို့တွင် ပေါက်ရောက်နေသည့် သစ်ပင်များ၏ အမြစ်များကိုလည်း အပင်သတ် ရှင်းလင်းခြင်း ဆောင်ရွက်လျက် ရှိပါကြောင်း ဖော်ပြအပ်ပါသည်။