သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ်တို့ အနုပညာအထက်တန်း ကျောင်း (မန္တလေး) ပန်တျာ၊ ပန်းချီ ပန်းပုဌာနရှိ ကျောင်းသားများ၏ လက်တွေ့ပညာသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် အမျိုးသား ဇာတ်ရုံ(မန္တလေး)၌ မန္တလေးမြို့ရှိ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ အနုပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် မန္တလေးတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့်အတူ ယနေ့ နံနက် 08:00 နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ 66 လမ်း၊ 20-22 လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံ မြို့နယ်ရှိ အနုပညာဦးစီးဌာနသို့ရောက်ရှိပြီး အနုပညာအထက်တန်း ကျောင်း ပန်တျာ၊ ပန်းချီ ပန်းပုဌာနရှိ ကျောင်းသားများ၏ လက်တွေ့ပညာသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့သည် ထုတ်လုပ် ဌာနစုရှိ လေ့ကျင့်ရေးဇာတ်ရုံ သွားရောက်ပြီး  အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်ပြတင်ဆက်မှုနှင့် ထုတ်လုပ်ဌာနစု(မန္တလေး)မှ အနုပညာရှင်ဝန်ထမ်းများ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပါသည်။ ဖျော်ဖြေ တင်ဆက်မှုပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် အနုပညာအထက်တန်းကျောင်း (မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူလေးများကို အနာဂတ်မျိုးဆက်သစ်ကလေးများအဖြစ် အားထားပါကြောင်း၊ ယခု ဖျော်ဖြေတင်ဆက်မှုကို ပံ့ပိုးကူညီပေးပါသော ဆိုင်းပညာရှင်ကြီးများ နှင့် နည်းပြများကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနက မူဝါဒ တစ်ခုချမှတ်ထား ပါကြောင်း၊ အနုပညာရှင်များအနေဖြင့် သဘင်၊ ဂီတ အတတ်ပညာများကို (၂)မျိုး (၃)မျိုး တတ်ကျွမ်းရမည်ဖြစ်ပါကြောင်း၊ အနုပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များ၏ ရှေ့ရေးကိုကြည့်ပြီး ၎င်းတို့၏ တက်လမ်းကိုလည်း လမ်းခင်းပေးထားပါကြောင်း၊ စာပေ ပညာရပ်တွင် ထူးချွန်မှုရှိလျှင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်သို့ တက်ရောက် နိုင်ပါကြောင်း၊ မိမိဘဝ တိုးတက်ဖို့ ကြိုးစားရန်လိုအပ်သလို ရိုးရာယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းရန်လိုအပ်ပါကြောင်း၊ ထုတ်လုပ်ဌာနစုမှ အနုပညာရှင်အမျိုးသား ဝန်ထမ်းများ အနေဖြင့် မင်းသားတို့တတ်အပ်သည့် ပညာရပ်များကို မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းသင်ကြား ပေးနိုင်ရမည်ဖြစ်သကဲ့သို့ အနုပညာရှင် အမျိုးသမီးဝန်ထမ်းများ အနေဖြင့်လည်း မင်းသမီးတို့တတ်အပ်သည့် ပညာရပ်(၁၂)ရပ်ကိုလည်း  ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်ပါကြောင်း၊ အနုပညာရှင်ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံး မြန်မာ ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရန် ကြိုးစားကြစေလိုပါကြောင်းနှင့် စီမံအုပ်ချုပ်သူများ အနေဖြင့် မိမိတို့အသုံးပြုလျက်ရှိသည့် ဌာနပိုင်အဆောက်အဦများ ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသေးအမွှား ပျက်ဆီးသည်ကအစ ဂရုစိုက်ရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသွား ပါသည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်သည် ပြည်ထောင်စုဝန်ကြီး ၏ လမ်းညွှန်မှာကြားချက်ကို လိုက်နာမှတ်သားစေလိုပါကြောင်း၊ ယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံနှင့် လူမျိုး၊ တိုင်းပြည်အတွက်ဖြစ်ပါကြောင်း၊ မိမိတို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်ထမ်းဆောင် နေသူများဖြစ်သည်ကို သိရန်ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေး တိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်တို့သည် အမျိုးသားဇာတ်ရုံ(မန္တလေး)၌ မန္တလေးမြို့ရှိ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ အနုပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုမှ  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဝန်ကြီးဌာန တစ်ခုတည်းဖြစ်ပါကြောင်း၊ မိသားစု စိတ်ဓာတ်ရှိရမည်ဖြစ်ပါကြောင်း၊ မိသားစုစိတ်ဓာတ် မှသည် ပြည်ထောင်စုစိတ်ဓာတ်ရောက်အောင် မွေးမြူကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

ဝန်ထမ်းများအနေဖြင့် မည်သည့်နေရာသို့ ရောက်သည်ဖြစ်စေ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပေးအပ်သည့်တာဝန်ကို စေတနာထည့်၍ ဆောင်ရွက် စေလိုပါကြောင်း၊ ဥပဒေဘောင်အတွင်းမှဆောင်ရွက်ရန်နှင့် မှတ်တမ်းမှတ်ရာများထားရှိရန် လိုအပ်ပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း နည်းဉပဒေများကို လိုက်နာ ကျင့်သုံးစေလိုပါကြောင်း၊ မိမိ အလုပ်ကိုတန်ဖိုးထားပြီး ဂုဏ်ယူတတ်စေလိုပါကြောင်း၊ ဝန်ထမ်း များအနေဖြင့် ကျန်းမာရေးကိုဂရုစိုက် စေလိုပါကြောင်း၊ ကျန်းမာမှ မိသားစုဘဝသာယာပြီး နိုင်ငံ့တာဝန်များကို ရေရှည်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မိမိတို့နိုင်ငံ၏ မြန်မာစာ၊ ပထဝီနှင့်သမိုင်းကို မျက်ခြေမပြတ် သိရှိရန် လိုအပ်ပါကြောင်း၊ မြန်မာစာကို လေ့လာခြင်းအားဖြင့် မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံကို ပိုမိုသိရှိလာမည် ဖြစ်ပါကြောင်း၊ ပထဝီကို လေ့လာခြင်းအားဖြင့် မိမိနိုင်ငံ၏ ရေပေါ်ရေအောက် သယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝမှုကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ သမိုင်းကို လေ့လာခြင်းအားဖြင့် မိမိတို့ နိုင်ငံ၏ ဖြစ်ရပ်မှန်များကို အလိမ်အညာမခံရဘဲ အမှန်သိရှိ နိုင်မည်ဖြစ်ပါကြောင်း၊ အတိတ်သမိုင်းကို သိရှိရန် လိုအပ်သကဲ့သို့ လက်ရှိပစ္စုပ္ပန် သမိုင်းကိုလည်း လေ့လာထားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝန်ထမ်းများအနေဖြင့် စာများများ ဖတ်စေချင် ကြောင်းနှင့် အမှားအမှန်ကို ခွဲခြားသိစေလိုကြောင်း၊ မိမိတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်စေလိုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများဖြင့် တာဝန်ထမ်းဆောင်နေကြရ၍ ပြည်သူအပေါ် သစ္စာရှိစေ လိုကြောင်း၊ မိမိအလုပ်ကို စေတနာထားသင့်ပါကြောင်း၊ ဆရာ/ဆရာမ များအနေဖြင့် အနန္တဂိုဏ်းဝင်များ ဖြစ်သည်နှင့်အညီ မိမိတို့၏တပည့်၊ သားသမီးများအား တတ်ကျွမ်းသမျှ ပညာရပ်များကို စေတနာထား သင်ကြားပေးစေလိုကြောင်း၊ မိမိအလုပ်ကို စေတနာဖြင့် အကောင်းဆုံးဆောင်ရွက်၍ အရည်အသွေး ပြစေလိုကြောင်း၊ အတ္တကို ရှေ့တန်း မတင်ဘဲ အတ္တ/ပရ မျှတစေချင်ကြောင်း၊ အနုပညာအထက်တန်း ကျောင်းများအနေဖြင့် နှစ်အဆက်ဆက် အုပ်ချုပ်သူများနှင့် သမိုင်းဝင်အချက်အလက်များကို မှတ်တမ်းတင် ထိန်းသိမ်းထားစေလိုကြောင်း၊ သက်ဆိုင်ရာ ဝန်ထမ်းများမှလည်း ဗဟုသုတများ ပြည့်ဝစေ ချင်လိုကြောင်း၊ စာဖတ်ရန်၊ မိမိကိုယ်ကို ပြိုင်ရန်၊ တစ်ဦးနှင့်တစ်ဦး လေးစားရန်၊ ဘေးစကား များကို မယုံရန်နှင့် ပြည်ထောင်စုဝန်ကြီး လမ်းညွှန်မှာကြားသည့် သွေးစကားကိုသာ ယုံကြည် ကြရန် ပြောကြားခဲ့ပါသည်။