ပထဝီသတင်းအချက်အလက်ဆိုင်ရာနည်းပညာ(GIS)သင်တန်းပြုလုပ်

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ သုတေသနလုပ်ငန်းများကို အထောက်အပံ့ပြုနိုင်မည့် မြေပုံရေးဆွဲခြင်းလုပ်ငန်းများ အဆင့်မြှင့်တင်ရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်ဒေသ နယ်မြေအပိုင်းအခြားအလိုက် ရှေးဟောင်းသုတေသနနှင့် ပထဝီဝင် ဆိုင်ရာ သတင်းအချက်အလက်များ စုစည်းမှုစနစ်တစ်ခုကို ထူထောင်နိုင်ရန်ရည်မှန်းချက်ဖြင့်   ပုဂံဌာနခွဲတွင် ပထဝီဝင် သတင်းအချက်အလက်ဆိုင်ရာ နည်းပညာ(GIS) သင်တန်းကို (၁၃.၁၂.၂၀၂၁)ရက်နေ့ နံနက်(၉:၃၀)အချိန် မှ စတင်၍ ပုဂံရှေးဟောင်းသုတေသန ပြတိုက် အစည်းအဝေးခန်းမတွင် ပြုလုပ် ခဲ့ပါသည်။

ပထဝီဝင် သတင်းအချက်အလက်ဆိုင်ရာ အချက်အလက် ဆိုင်ရာ နည်းပညာ(GIS) သင်တန်းဖွင့်ပွဲသို့ ရှေး‌ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိန်းရေးကော်မတီဝင်များ၊ သင်တန်းဆရာ များနှင့်သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှေး‌ဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ သင်တန်းမှူး ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုက သင်ကြားပို့ချမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သင်တန်းသားတစ်ဦးချင်းစီ အလိုက် မိတ်ဆက်စကား ပြောကြားခြင်းနှင့် ညွှန်ကြားရေးမှူးဦးကျော်မျိုးဝင်းမှ နိဂုံးချုပ်စကားပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ဆောင်ရွက်ခဲ့ပါသည်။

သင်တန်းကာလမှာ (၁-လ) ကြာမြင့်မည်ဖြစ်ပြီး ယင်းသင်တန်းသို့ ရှေး‌ဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနလက်အောက်ရှိ ဌာနခွဲအသီးသီးမှ စုစုပေါင်း သင်တန်းသား (၁၂) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။