ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရားများအား အပတ်စဉ်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများဆောင်ရွက်လျက်ရှိရာ ယခုသတင်းပတ်အတွင်း ဘုရားအမှတ် (၂၆၃)၊ (၃၆၃)၊ (၃၆၂) တို့အား အပေါ်ပိုင်းသန့်ရှင်ရေးပြုလုပ်ခြင်း၊ ဘုရားအမှတ် (၁၆၁၁-က)၊ (၁၈၀၅-က)၊ (၁၈၁၅)တို့အား ရင်ပြင်တော်မှ ပေ(၂၀)အကွာ ပေါင်းမြက်ခြုံနွယ်များ ရှင်းလင်းခြင်း၊ ဘုရားအမှတ် (၂၂၇၁)၊ (၂၉၂၅)၊ (၁၈၁၆) တို့အား ရောင်တော်ဖွင့်သန့်ရှင်းရေး ပြုလုပ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ပြီးစီးခဲ့ပါသည်။