ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁)သင်တန်းပို့ချခြင်း

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲတွင် ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁)သင်တန်းကို ပညာရှင်များက လာရောက်ပို့ချသင်ကြားပေးခဲ့ပါသည်။

ပထမနေ့နှင့် ဒုတိယနေ့အဖြစ် (၁၃.၁၂.၂၀၂၁)ရက်နေ့နှင့် (၁၄.၁၂.၂၀၂၁)ရက်နေ့တို့တွင် ဆရာဦးစိန်ဝင်း (ဒုတိယညွှန်ကြားရေးမှူးချုပ်-ငြိမ်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ပည်းကျောက်စာနှင့် ရှေးဟောင်း ဝတ္ထုပစ္စည်းပညာရှင်)က ကမ္ဘာ့ပေါ်ရှိ စာအရေးအသားများ၊ ဘာသာရေးနှင့်အရေးအသား၊ ရုပ်ပုံတူအရေးအသား၊ စာပေအက္ခရာများပေါ်ပေါက်လာပုံ၊ ပျူစာပေအက္ခရာများအကြောင်း၊ စိတ်ကူးယဉ် အရေးအသား များအကြောင်း သင်ခန်းစာတို့ကို သင်ကြားပို့ချခဲ့ပါသည်။

ဆရာဦးစိန်ဝင်း သင်ကြားပို့နေစဉ်
ဆရာဦးစိန်ဝင်း သင်ကြားပို့နေစဉ်

တတိယရက်အနေဖြင့် (၁၄.၁၂.၂၀၂၁)ရက်နေ့တွင် ဆရာဦးအေးမင်း (ပါမောက္ခ-ငြိမ်း၊ အရှေ့တိုင်း ပညာဌာန၊ ဒဂုံတက္ကသိုလ်)က ပါဠိ၊ သက္ကတစာပေးအက္ခရာများအကြောင်း၊ အက္ခရာပါဠိစာပေ သမိုင်း၊ အက္ခရာ (မြန်မာလိပိ၊ ရောမလိပိ) သင်ခန်းတို့ကို သင်ကြားပို့ချခဲ့ပါသည်။

ဆရာဦးအေးမင်း သင်ကြားပို့ချနေစဉ်