ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ အတွင်းရှိ ရှေးဟောင်း ဘုရားများအား ရင်ပြင်တော်နှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ အပေါ်ပိုင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ရောင်တော် ဖွင့်ခြင်းများ ဆောင်ရွက်လျက်ရှိ

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရားများအား အပတ်စဉ်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများဆောင်ရွက်လျက်ရှိရာ ယခုသတင်းပတ်အတွင်း (၁၆.၁၂.၂၀၂၁)ရက်နေ့တွင် ဘုရားအမှတ် (၃၅၉)၊ (၃၅၆)၊ (၃၅၅)၊ (၃၅၄)၊ (၃၅၃)၊ (၁၇၅၆၀)၊ (၁၇၀၀)၊ (၄၇၅)၊ (၅၇၇)၊ (၅၇၈)၊ (၅၈၂)၊ (၅၈၅)၊ (၅၈၆)၊ (၅၈၈)တို့အား အပေါ်ပိုင်းသန့်ရှင်ရေးပြု လုပ်ခြင်း၊ ဘုရားအမှတ် (၂၂၆၇)၊ (၂၂၇၀)၊ (၂၂၇၁)၊ (၂၂၇၁-က)၊ (၂၃၃၁)တို့အား ရင်ပြင်တော်မှ ပေ(၂၀)အကွာ ပေါင်းမြက်ခြုံနွယ်များ ရှင်းလင်းခြင်း၊ ဘုရားအမှတ် (၁၄၉၂-က)နှင့် (၁၉၀၁) တို့အား ရောင်တော်ဖွင့်သန့်ရှင်းရေး ပြုလုပ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ပြီးစီးခဲ့ပါသည်။