17th Coordinating Conference on the ASEAN Socio-Cultural Community (17th SOC-COM)

          ၂၀၂၁ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ ကြီးမှူးကျင်းပပြုလုပ်သည့် 17th Coordinating Conference on the ASEAN Socio-Cultural Community ကို ၁၇.၁၂.၂၀၂၁ ရက်နေ့ မွန်းလွဲ မြန်မာစံတော်ချိန် နေ့လယ် ၁၂ : ၃၀ နာရီ မှ ညနေ ၁၆ : ၀၀အထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

           အစည်းအဝေးသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) နှင့် ASCC ရုံးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

           အစည်းအဝေးတွင် (16th SOC-COM) မှ ထွက်ပေါ်လာသောကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲလာမှုဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဘဏ္ဍာရေးအစီအစဉ်များနှင့်စပ်လျဉ်း၍ အာဆီယံ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအား  အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် သက်ဆိုင်ရာလုပ်ငန်းအစုအဖွဲ့များမှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။