၁။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ယဉ်ကျေးမှု)တွင် လစ်လပ်လျက်ရှိ သော အောက်ဖော်ပြပါ ရာထူး ၁၁ နေရာအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
စဉ် ရာထူး လစ်လပ် ပညာအရည်အချင်း
(က) အငယ်တန်းစာရေး ၆ နေရာ ဘွဲ့တစ်ခုခုရရှိသူ
(လစာနှုန်း၊ ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)
(ခ) ရုံးအကူ/စာပို့ ၂ နေရာ တက္ကသိုလ်ဝင်တန်း
(လစာနှုန်း၊ ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) အောင်မြင်သူ
(ဂ) သန့်ရှင်းရေးအကူ ၃ နေရာ အခြေခံပညာမူလတန်း
(လစာနှုန်း၊ ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) အောင်မြင်သူ
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
(ခ) ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ၃၁-၁၂-၂၀၂၁ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
၃။ လျှောက်လွှာကို အမြဲတမ်းအတွင်းဝန်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅) သို့ လိပ်မူပြီး အောက်ပါအချက်များကို ပြည့်စုံစွာ ဖော်ပြပါရှိရမည်-
(က) လျှောက်ထားသူအမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊
(ခ) မွေးသက္ကရာဇ်/အသက်၊
(ဂ) လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ၊
(ဃ) လျှောက်ထားလိုသည့်ရာထူး၊
(င) ပညာအရည်အချင်း၊ အောင်မြင်သည့်ခုနှစ်နှင့် အောင်မြင်ခဲ့သည့် ကျောင်း/တက္ကသိုလ်၊
(စ) မိဘအမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် ၎င်းတို့၏ နေရပ်လိပ်စာ၊
(ဆ) လက်ရှိနေထိုင်သည့် နေရပ်လိပ်စာ/ဖုန်းနံပါတ်၊
(ဇ) အမြဲတမ်းနေရပ်လိပ်စာ(အပြည့်အစုံ)။
၂
၄။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-
(က) (၂)လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓာတ်ပုံ (၂)ပုံ၊
(ခ) ပညာအရည်အချင်းအတွက် အထောက်အထားမိတ္တူ၊
(တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူ)၊
(ဂ) အလုပ်သမားမှတ်ပုံတင်မိတ္တူ၊
(ဃ) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊
(င) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း၊
(စ) သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့စခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊
(ဆ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း။
၅။ လစ်လပ်ရာထူးနေရာများအနက် အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူ/စာပို့ရာထူးနေရာ များအတွက် ၃-၂-၂၀၂၂ ရက် (ကြာသပတေးနေ့)၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ယဉ်ကျေးမှု)၊ ရုံးအမှတ်(၃၅)တွင် လူတွေ့စစ်ဆေးမှု ဖြေဆိုရပါမည်။
၆။ လျှောက်လွှာကို ၁၇-၁-၂၀၂၂ ရက် (တနင်္လာနေ့) နောက်ဆုံးထား၍ ပေးပို့လျှောက်ထား ရပါမည်။ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများနှင့် အချက်အလက် မပြည့်စုံသော လျှောက်လွှာများကို လက်ခံထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
၇။ လူတွေ့စစ်ဆေးမှုဖြေဆိုရန် လာရောက်သည့်အခါ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်၊ အခြားအောင်လက်မှတ်များ မူရင်းတင်ပြနိုင်ရမည်။ အသေးစိတ် သိရှိလိုပါက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး (ယဉ်ကျေးမှု) ဖုန်း-၀၆၇-၄၀၈၂၈၃ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝန်ကြီးရုံး(ယဉ်ကျေးမှု)
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ပုံစံ-၁
သို့
ဝန်ကြီးရုံး
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ရက်စွဲ၊ – -၂၀၂၂
အကြောင်းအရာ ။ အလုပ်တစ်နေရာလျှောက်ထားခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ယဉ်ကျေးမှု)တွင် လစ်လပ်လျက်ရှိသော (လစာနှုန်း၊—————————-) —————–ရာထူးနေရာ၌ တာဝန်ပေးခန့်အပ် ပေးနိုင်ပါရန် တင်ပြလျှောက်ထားအပ်ပါသည်။
လေးစားစွာဖြင့်
အမည် –
နိုင်ငံသားစိစစ်ရေးကတ်အမှတ် –
ဆက်သွယ်ရန်ဖုန်းနံပါတ် –
ပုံစံ-၂
ဓာတ်ပုံ |
ကိုယ်ရေးအကျဉ်း
၁။ အမည် –
၂။ ငယ်အမည် –
၃။ နိုင်ငံသားစိစစ်ရေးကတ်အမှတ် –
၄။ မွေးသက္ကရာဇ်/အသက် –
၅။ လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ –
၆။ အဘအမည်/နိုင်ငံသားစိစစ်ရေး –
ကတ်အမှတ်နှင့် နေရပ်လိပ်စာ
၇။ အမိအမည်/နိုင်ငံသားစိစစ်ရေး –
ကတ်အမှတ်နှင့် နေရပ်လိပ်စာ
၈။ ပညာအရည်အချင်း/အောင်မြင်သည့် –
ခုနှစ်နှင့်အောင်မြင်ခဲ့သည့်ကျောင်း/
တက္ကသိုလ်
၉။ လက်ရှိနေထိုင်သည့် နေရပ်လိပ်စာ –
(အပြည့်အစုံ)
၁၀။ ဆက်သွယ်ရမည့်ဖုန်းနံပါတ် –
၁၁။ အမြဲတမ်းနေရပ်လိပ်စာ(အပြည့်အစုံ) –
အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်ကြောင်း ဝန်ခံကတိပြုပါသည်။
လက်မှတ် –
အမည် –
နိုင်ငံသားစိစစ်ရေးကတ်အမှတ် –
ဆက်သွယ်ရန်ဖုန်းနံပါတ် –