ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁)သင်တန်းပို့ချခြင်း

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲတွင် သင်ကြား ပို့ချလျက်ရှိသော ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁)သင်တန်းသို့ ဒေါက်တာငြိမ်းငြိမ်း(ပါမောက္ခ/ဌာနမှူး-ငြိမ်း၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်)က မြန်မာနိုင်ငံ ကျောက်ခေတ်မှ သံခေတ်အထိ တိုးတက်ပြောင်းလဲလာပုံများ၊ ပျူစာပေအက္ခရာများ၊ ရာဇကုမာရ်ကျောက်စာ (ဂူပြောက်ကြီး/မြစေတီ) ကျောက်စာ(က၊ခ)တို့၏ လေးဘာသာနှင့် အက္ခရာ(၂)မျိုးရေးထိုးပုံ၊ ကမ္ပည်း ကျောက်စာ သုတေသနပြုနည်း၊ ခေတ်ကြေးမုံ၊ သမိုင်းကွင်းဆက်၊ အထောက်အထားများ စဉ်စားလေ့လာနည်း တို့ကို ဆွေးနွေးပို့ချသင်ကြားပေး ခဲ့ပါသည်။