ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁)သင်တန်းပို့ချခြင်း

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲတွင် သင်ကြား ပို့ချလျက်ရှိသော ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁)သင်တန်းပို့ချလျက်ရှိရာ (၅.၁.၂၀၂၂)ရက်နေ့နှင့် (၆.၁.၂၀၂၂)ရက်နေ့တို့တွင် ဆရာ ဦးအေးမင်း (ပါမောက္ခ-ငြိမ်း၊ အရှေ့တိုင်းပညာဌာန၊ ဒဂုံတက္ကသိုလ်)က ပါဠိဘာသာ မြန်မာအက္ခရာပြန်ဆိုနည်း၊ Roman Letter ဖြင့် ဖလှယ်နည်း၊ ပါဠိသဒ္ဒါစနစ်များ၊ ဝိဘတ်သွယ်ပုံများ၊ သက္ကတအက္ခရာမှ မြန်မာအက္ခရာပြန်ဆိုနည်း၊ သက္ကတအက္ခရာမှ Roman Letter ပြန်ဆိုနည်း၊ ဟိန္ဒီအက္ခရာသို့ ပြန်ဆိုနည်းများကိုလည်းကောင်း၊ (၃.၁.၂၀၂၂)ရက်နေ့မှ (၇.၁.၂၀၂၂)ရက်နေ့အထိကို ဆရာဒေါက်တာမောင်မောင်ဆွေ (ပါမောက္ခ၊ မြန်မာစာဌာန၊ စစ်ကိုင်းပညာရေးတက္ကသိုလ်)က ပျူစာပေနှင့် ပျူဘာသာစကားများအကြောင်း၊ ပျူအက္ခရာရေးသားနည်းစနစ်များ၊ စာပေအရေးအသားများပေါ်ပေါက်လာပုံစသည်တို့ကိုလည်းကောင်း ဆွေးနွေးပို့ချသင်ကြားပေး ခဲ့ကြပါသည်။