ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁)သင်တန်းပို့ချခြင်း

ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁) Level (1) စတုတ္ထမြောက်အပတ်ဖြစ်သည့် (၇.၁.၂၀၂၂)ရက်နေ့၌ ဆရာဒေါက်တာမောင်မောင်ဆွေ (ပါမောက္ခ၊ မြန်မာစာဌာန၊ စစ်ကိုင်းပညာရေးတက္ကသိုလ်)က ရှေးအိန္ဒိယအရေးအသားနှင့် မြန်မာပြည် ကမ္ပည်းစာများ(ပျူ၊ မွန်၊ မြန်မာ၊ သက္တ)ကို သင်ကြားပို့ချခဲ့ပြီး၊ အပတ်စဉ်စာမေးပွဲ (Tutorial) စစ်ဆေးကာ သင်ကြားပြီးသင်ခန်းစာများကို ပြန်လည်ဆွေးနွေးပေးခဲ့ပါသည်။ ပထမအကြိမ်သင်တန်းပြီးမြောက်ပြီဖြစ်ပြီး သင်တန်းသား များသည် (၁)လတာသင်တန်းနားချိန်တွင် စာတမ်းရေးသားကြရမည်ဖြစ်ပါသည်။ ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁) Level (1) ဒုတိယအကြိမ်ကို (၇.၂.၂၀၂၂)ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့် မိမိတို့ရေးသားထားသော စာတမ်းမူကြမ်းများကို အဆိုပါ ဒုတိယအကြိမ်သင်တန်းတွင် တင်ပြရမည်ဖြစ်ပါသည်။